Thursday, July 2, 2020

YBPC ဘက်စ်ကားလိုင်းမှ ယာဉ်မောင်းများအား လစာ ၃ သိန်းမှ ၁ သိန်းခွဲသို့ လျော့ချသည့်အတွက် ယာဉ်မောင်း ၄၀၀ ကျော်ခန့်အလုပ်ထွက်

YBPC ဘက်စ်ကားလိုင်းမှ ယာဉ်မောင်းများအား လစာ ၃ သိန်းမှ ၁ သိန်းခွဲသို့ လျော့ချသည့်အတွက် ယာဉ်မောင်း ၄၀၀ ကျော်ခန့်အလုပ်ထွက်ခဲ့ကြကြောင်း သိရသည်။
“ဒီကုမ္ပဏီကနေ အလုပ်ထွက်ခွာသွားတဲ့အချိန် ဒီလို Covid ကာလမှာ ကျန်တဲ့နေရာတွေမှာ အလုပ်ရဖို့ဆိုတာ ယာဉ်မောင်းတွေအတွက် တော်တော် အခက်အခဲရှိပါတယ်။ ဘယ်လိုင်းကမှလည်း လက်မခံတာများပါတယ်။ ယာဉ်မောင်းတွေအတွက် မိသားစုစားဝတ်နေရေးအဆင်မပြေလို့ မဖြစ်သာလို့ ထွက်ကြတာပေါ့” ဟုဦးလှဟန်(၈၈ ယာဉ်မောင်းခေါင်းဆောင်၊သမဂ္ဂများအဖွဲ့ဝင်)ကပြောကြားခဲ့သည်။
YBPC ဘတ်စ်ကားလိုင်းမှ ဇူလိုင်လထဲတွင် အသစ်ပြောင်းလဲသတ်မှတ်လိုက်သည့် လစာတစ်ဝက်ဖြင့် ခေါက်ကြေးကို သဘောတူညီခြင်းမရှိဘဲ အလုပ်မှ ထွက်ကြခြင်းဖြစ်ပြီး ကုမ္ပဏီဘက်မှ ဥပဒေနှင့်အညီ လျော်ကြေးပေးအပ်သည့်အခမ်းအနားတွင် ယာဉ်မောင်းများက အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
YBPC ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် ယာဉ်လိုင်းဖြစ်ပြီး ယာဉ်လိုင်း ၁၂ လိုင်းရှိကြောင်း သိရသည်။ အဆိုပါယာဉ်လိုင်း ၁၂ လိုင်းတွင် ယာဉ်မောင်း ၆၀၀ ခန့်ရှိပြီး ၎င်းတို့ကို လစာထက် ဝက်လျှော့ချသဖြင့် အလုပ်သမား ၄၀၀ ကျော် အလုပ်မှထွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment