Tuesday, December 27, 2022
လုံခြုံမှုမြင့်မားသည့် ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး ဆောင်ရွက်နေဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော
တရုတ် အထူးကိုယ်စားလှယ်သစ် နေပြည်တော် ယနေ့ ရောက်မည်
မဲစာရင်းပြုစုဖို့ ပရဟိတအဖွဲ့တွေကို စစ်ကောင်စီ သုံးဖို့ ပြင်
လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ်လို့ဆိုတဲ့ ရွေးကောက်ပွဲအတွက်အတွက် မဲစာရင်းပြုစုဖို့ ဆိုပြီး စစ်ကောင်စီဘက်က ပရဟိတအဖွဲ့တွေကို စည်းရုံးလာသလို မဲစာရင်းသင်တန်းပေးတာတွေလည်း ပြုလုပ်လာတယ်လို့ ပရဟိတအသင်းတွေဘက်က ပြောပါတယ်။
နယ်ချဲ့ကိုလိုနီ လက်ဟောင်းနဲ့ လက်သစ်များသွေးခွဲလို့ ပဋိပက္ခမျိုးစုံဖြစ်နေဆဲလို့ စစ်ကောင်စီ ဒုခေါင်းဆောင် ပြောပြန်
ရခိုင်က နေရာစုံရွေးကောက်ပွဲကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ စောင့်ကြည့်အဖွဲ့တွေပြော
စစ်ကောင်စီကရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပေမယ့် အဲ့ဒီရွေးကောက်ပွဲဟာ ရခိုင်ပြည်နယ်က နေရာစုံမှာ ကျင်းပနိုင်ဖို့ မဖြစ်နိုင်သလို၊ အခွင့်အရေးနည်းပါးနေတယ်လို့ ပြည်နယ်တွင်းက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ဘီဘီစီကို ပြောဆိုကြပါတယ်။
ထိုင်းကို တရားမဝင်သွားတဲ့ မြန်မာ ၃၅ ယောက်အပါအဝင် ၄၁ ယောက် အဖမ်းခံရ
လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာနှင့်ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၀၂ သန်းကျော် တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်ဒေါ်လာ ၁၂၆၅ သန်းကျော်တင်သွင်း
လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာနှင့်ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၀၂ သန်းကျော် တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်ဒေါ်လာ ၁၂၆၅ သန်းကျော်တင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငါးဖွဲ့တို့ ပထမနေ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည့် အစီအစဉ် ရှစ်ရပ်ကို အတည်ပြုနိုင်ခဲ့
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီ အစဉ် ၈ ရပ်ကို နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့ ဆွေးနွေးအတည်ပြုခဲ့
စစ်မှုထမ်းရမည့် ကာလကို တစ်နှစ်အထိ ထိုင်ဝမ် တိုးမြှင့်
ဗကသမှ ကျောင်းသား ၂ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်
အသက် ၃၅ နှစ် မကျော်ခင် အိမ်ထောင်ပြုပြီး ရင်သွေးလေးယူမယ်ဆိုတဲ့ မေမီကိုကို
အမေရိကန်၏ NDAA တွင် PDF များနှင့် IIMM ကို ထောက်ပံ့မည့်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အမေရိကန်အစိုးရကို သံတမန်စာပို့သည့်အပြင် မြန်မာပြည်ရှိ အမေရိကန်သံရုံးအကြီးအကဲကိုပါ ဆင့်ခေါ်၍ ပြင်းထန်စွာကန့်ကွက်ခဲ့ဟု SAC ၏ MOFA ထုတ်ပြန်
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၀ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၆၀ ကျော်ရှိ လုပ်ငန်းပေါင်း ၇၀ ကျော် ခွင့်ပြု
Monday, December 26, 2022
ရန်ကုန်မှာ လူဦးရေစာရင်း ကိုလာမယ့် ၂၀၂၃ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ စတင်ကောက်မယ်လို့ဆို
မြေပြင် လူဦးရေစာရင်းကိုရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တစ်အိမ်ချင်းစီ စာရင်းကောက်ယူတဲ့လုပ်ငန်းကို လာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီကနေ သိရပါတယ်။
တရုတ်ကို ငှက်ပျော်တင်ပို့မှာ ကျပ်ငွေအစား ယွမ်ငွေဖြင့် ပြောင်းလဲ စည်းကြပ်ကောက်ခံနေ
တရုတ်နိုင်ငံကို ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ငှက်ပျောတင်ပို့ရာမှာ ကျပ်ငွေနဲ့ စည်းကြပ်ကောက်ခံမှုအစား ယွမ်ငွေနဲ့ ပြောင်းလဲကောက်ခံနေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs ထုတ်ကုန်ပြပွဲ မန္တလေးတွင် ပြုလုပ်နေ
ထိုင်းတွင် မြန်မာအပါ တရားမဝင် အလုပ်သမားများအတွက် အလုပ်ရှားပါးနေ
EAO အနည်းဆုံး ၄ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော် ရောက်နေ
ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် (၅) နှစ်ထပ်မံချမှတ်
ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းအား အင်းစိန်ထောင်တွင်း တရားရုံက အီလက်ထရောနစ် ဥပဒေဖြင့် ထောင်ဒဏ် (၅) နှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအား PDF အဖွဲ့ဝင်များက Drone ဖြင့် ဗုံးပစ်ချ၊သံဃာတော် ၁ ပါးပျံ လွန်တော်မူ
ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းစုစီ နည်းပဒေကို ကြိုပြင်ဆင်ပြီး ရဲတပ်ဖွဲ့ ကို လုပ်ပိုင်ခွင့်ပိုပေး
စစ်အာဏာသိမ်းမှုအောက်မှာရှိနေပြီး လွတ်လပ်စွာဆန္ဒထုတ်ဖော်မှု မရှိသလောက်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနက ပြင်ဆင်လိုက်ပါတယ်။
ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲကို NUG ဝန်ကြီးချုပ် တက်ရောက်၊ သေနတ် အလက် ၅၀ လည်း လွှဲပြောင်းပေး
ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သလို သေနတ် အလက် ၅၀ လည်း လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဆေးတက္ကသိုလ်က CDM ပါမောက္ခ ဒေါက်တာဝင်းခိုင် ဖမ်းဆီးခံရ
ရုရှား-မြန်မာ နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေး
နဂါးနန်းတော် ရွှေဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်များလုယက်သူကို ဆိုင်ဝန်ထမ်းများက ဖမ်းဆီးနိုင်ခဲ့
အမျိုးသမီးဝန်ထမ်းများ ထုတ်ပယ်ရမည်ဟူသောအချက်ကိုဆွေးနွေးရန် ကုလအရာရှိများနှင့်အင်န်ဂျီအိုခေါင်းဆောင်များတွေ့ဆုံမည်
သနပ်ခါးအခြေခံတဲ့ ဆေးဝါးတွေထုတ်လုပ်ကာ တရားဝင်ဖြန့်ဖြူးရောင်းချဖို့စီစဉ်နေ
မြန်မာ့သနပ်ခါးကိုအခြေခံတဲ့ ဆေးဝါးတွေထုတ်လုပ်ကာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ပြီး တရားဝင်ဖြန့်ဖြူးရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
ရွှေ အဝယ်နည်းပြီး အရောင်းများလို့ ရွှေဆိုင်တချို့ တစ်နေ့ ရွှေ ၅ ပိဿာလောက် ပြန်ဝယ်နေရတယ်လို့ ရွှေအသင်းပြော
ပြည်တွင်း ရွှေဈေးကွက်ထဲ ရွှေ အဝယ်နည်းပြီး အရောင်းများလို့ ရွှေဆိုင်တချို့ တစ်နေ့ ရွှေ ၅ ပိဿာလောက်ပြန်ဝယ်နေရတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့် မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်။
YBSယာဉ် ၁၅ လိုင်းက ဘတ်စ်ကားတွေမှာ CCTVတွေတပ်ဆင်ပြီးလို့ YRTCထုတ်ပြန်
YBSယာဉ်လိုင်းတွေမှာ ဖြစ်ပွားတဲ့အမှုအခင်းတွေနဲ့ ခါးပိုက်နှိုက်မှုဖြစ်စဉ်တွေရှိလာရင် တရားခံကိုအချိန်မှီဖော်ထုတ်နိုင်ဖို့နဲ့ ခရီးသည်တွေ လုံခြုံစိတ်ချစွာလိုက်ပါစီနင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ CCTVတွေတပ်ဖို့အထူးကြပ်မတ်လုပ်ဆောင်နေရာမှာ ယာဉ်လိုင်း၁၅လိုင်းမှာ တပ်ဆင်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ကနေ သိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားမှု အပစ်ရပ် ၇ ဖွဲ့ က တွေ့ဆုံဖို့ မဖြစ်နိုင်သေးဘူးလို့ ပြန်အကြောင်းပြန်
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားမှုအပေါ် အပစ်ရပ် ၇ ဖွဲ့ က တွေ့ဆုံရန် အဆင်မပြေသေးဘူးလို့ပြန်လည်အကြောင်း ပြန်ကြားထားတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားထားပါတယ်။
မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ပွဲ တာချီလိတ် လွန်းလိန်းကျောင်းတိုက်တွင် ကျင်းပမည်
မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲကို လာမည့် ဇန်နဝါရီ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ တာချီလိတ်မြို့ မိုင်းဖုန်းသာသနာ့နယ်မြေ လွန်းလိန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။
တောင်းရမ်းရငွေများအားလုံးကို ဘုရားလှူခဲ့လို့ လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေသူ မြဝတီမြို့က အဘိုးဦးတင်ဝင်း နေအိမ်အဖောက်ခံရ၊ဘုရားလှူမည့် ပိုက်ဆံကျပ် ၁၄ သိန်းနှင့်ထိုင်းဘတ် ၂၀၀၀ ပါသွားဟု ဆို
တောင်းရမ်းရငွေများအားလုံးကို ဘုရားလှူခဲ့လို့ လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေသူ မြဝတီမြို့က အဘိုး ဦးတင်ဝင်း အိမ်အဖောက်ခံရပြီး ဘုရားလှူမည့် ပိုက်ဆံကျပ် ၁၄ သိန်းနှင့်ထိုင်းဘတ် ၂၀၀၀ ပါသွားခဲ့တယ်လို့ ဒေသခံပရဟိတသမားတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော
Sunday, December 18, 2022
တရုတ်က မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံကိန်းစတင်ရန် စီစဉ်နေ
တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးဇန်နဝါရီလအတွင်းပြန်ဖွင့်မည်
ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့သည့် တရုတ်နယ်စပ်ဂိတ်အားလုံးကို လာမည့် ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များဆီမှ သိရသည်။
ယနေ့ နံနက်ပိုင်းက မန္တလေး တံတားဦးမြို့အနီး ငလျင်ထပ်မံလှုပ်ခတ်ခဲ့
အာဆီယံ-မော်စကို ကော်မတီအစည်းအဝေးသို့ မော်စကိုမြို့အခြေစိုက်သံရုံးအကြီးအကဲများ၊ယာယီတာဝန်ခံများနှင့်အတူ မြန်မာသံအမတ်ကြီးဦးလွင်ဦး တက်ရောက်
ဧရာဝတီတိုင်းမှာ စပါးရိတ်ခြွေခ နှုန်းထားတွေ ၄ ဆလောက်ဈေးမြင့်တက်လို့တောင်သူတွေ အခက်အခဲဖြစ်နေ
ဧရာဝတီတိုင်းမှာ မိုးစပါးတွေ ရိတ်သိမ်းနေတဲ့ အခု ဒီဇင်ဘာလမှာ စပါးရိတ်ခြွေခနှုန်းထားတွေ အရင်ထက် ၄ ဆနီးပါး ဈေးမြင့်တက်လာတာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။
လေးရှား စကိတ်ပြိုင်ပွဲမှာ မြန်မာကစားသမား ၂ ဦး ရွှေတံဆိပ် ၄ ခု ဆွတ်ခူး
မလေးရှား စကိတ်ပြိုင်ပွဲမှာ အသက် ၁၅ နှစ်အောက် မြန်မာကစားသမား ၂ ဦး ရွှေတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်း( Myanmar Skate Association) က ပြောပါတယ်။
ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ SEA Rivals Mobile Legends ပြိုင်ပွဲမှာ မြန်မာက Falcon Esports အသင်း ချန်ပီယံဆု ရရှိ
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပသည့် Kingdom of Legends : SEA Rivals Mobile Legends ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် Falcon Esports အသင်းက ချန်ပီယံဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ထိုင်းက ပန်းပညာရှင်ရဲ့ လက်ရာတွေနဲ့ ပြင်ဦးလွင် ပန်းပွဲတော်မှာ ပန်းပင်ပေါင်း ၃ သိန်းကျော် ပြသ
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ (၁၅)ကြိမ်မြောက်အဖြစ် ကျင်းပသည့် ပန်းပွဲတော် (Blooming Fantasy)ကို စတင်ဖွင့်လှစ်လိုက်ပြီး ပြည်တွင်းပြည်ပပန်းမျိုးစုံ (၂၅) မျိုး၊ မျိုးကွဲပေါင်း(၅၀)ကျော် အပင်ပေါင်း (၃) သိန်းကျော် စိုက်ပျိုးပြသထားကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်မှ သိရပါတယ်။
ကမ္ဘာ့ဖလား ဗိုလ်လုပွဲရှုံးနိမ့်မှုကြောင့် ပြင်သစ်အသင်း ပရိသတ်များ ဆူပူသောင်းကျန်း၍ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်နှိမ်နင်းခံရ
PDF များကို ကူညီထောက်ပံ့ပေးနေသည်ဆိုသည့် အမျိုးသား ဖမ်းဆီးစစ်ဆေးခံနေရ
ရှစ်လကျော်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှု၌ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ထက် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ပိုမိုရရှိ
ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံက အထူးစီးပွားရေးဇုန် တည်ဆောက်ရန် စီစဉ်နေ
ဆွဲကြိုးချကြိုးကွင်းကြီးစွပ်ပြီး ရိုက်ကူးရတဲ့အတွက် နည်းနည်းတော့ ကြောက်ရပါတယ် ဘာများဖြစ်မလဲ စိုးရိမ်စိတ်ဖြစ်ခဲ့တယ်ဆိုတဲ့ အောင်မင်းခန့်
ထိုင်းဘုရင်နှင့် မိဖုရား COVID-19 ကူးစက်ခံရ
ထိုင်းဘုရင်နှင့် မိဖုရားသည် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာ မပြင်းထန်ဟု တော်ဝင်နန်း တော်က ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
WHO က၂၀၂၃ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် Mpox တို့ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်ရောဂါများမဟုတ်ဟု ကြေညာမည်
COVID-19 နှင့် Mpox (မျောက်ကျောက်)ရောဂါ နှစ်ခုစလုံးသည် ၎င်းတို့၏ အန္တရာယ်အများဆုံးအဆင့် အဆုံးသတ်သွားသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် အဆိုပါရောဂါ နှစ်ခုစလုံးကို ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးအပေါ်အခြေနေမဟုတ်တော့ဟု ကြေညာရန် မျှော်မှန်းကြောင်း WHO က လွန်ခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောကြားသည်။