Tuesday, December 27, 2022

ရခိုင်က နေရာစုံရွေးကောက်ပွဲကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ စောင့်ကြည့်အဖွဲ့တွေပြော

စစ်ကောင်စီကရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပေမယ့် အဲ့ဒီရွေးကောက်ပွဲဟာ ရခိုင်ပြည်နယ်က နေရာစုံမှာ ကျင်းပနိုင်ဖို့ မဖြစ်နိုင်သလို၊ အခွင့်အရေးနည်းပါးနေတယ်လို့ ပြည်နယ်တွင်းက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ဘီဘီစီကို ပြောဆိုကြပါတယ်။

သူတို့ရဲ့စောင့်ကြည့်လေ့လာမှုအတွေ့အကြုံတွေအရ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာတောင် ပြည်သူ တွေစိတ်ဝင်စားမှုနည်းပါးခဲ့ပြီး အခုစစ်ကောင်စီကကျင်းပပြုလုပ်မယ့်၂၀၂၃ ရွေးကောက်ပွဲအပေါ် ပြည်သူ တွေရဲ့စိတ်ဝင်စားမှုက ပိုပြီးကျဆင်းနိုင်တယ်လို့ ထောက်ပြကြပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း မငြိမ်မသက်မှုတွေရှိနေတာကြောင့် ရွေးကောက်ပွဲကို နေရာရွေးချယ် ကျင်းပသွားမယ့်အခြေအနေ တွေကိုမြင်တွေ့နေရသလို၊ အများစုပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်လာ နိုင်ဖို့ခက်ခဲတယ်လို့ ထောက်ပြပြောဆိုမှုတွေရှိ နေပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း အပစ်ခတ်ရပ်စဲထားပြီး တည်ငြိမ်မှုတွေရှိနေပေမယ့် ရွေးကောက်ပွဲ ကာလအထိ တည်ငြိမ်မှုတွေရရှိနေမလားဆိုတာက ပြောဖို့ခက်ခဲနေတာကြောင့် ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအလားအလာက အတိအကျမပြောဆိုနိုင်ကြသေးဘူးလို့ စောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထံကသိရပါတယ်။

ဒါကြောင့် ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေဘက်ကလည်း ရွေးကောက်ပွဲဆိုင်ရာ တစ်စုံတစ်ရာလှုပ်ရှား ဆောင်ရွက်မှုတွေ မတွေ့ရသေးသလို ကြိုတင်ပြင်ဆင်မှုတွေလည်း မရှိသေးဘူးလို့ နိုင်ငံရေးပါတီတွေထံက သိရပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေပေမယ့် ရခိုင်ဒေသနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတွေ မရှိသေးတာဟာ ရွေးကောက်ပွဲအပေါ် ရက္ခိုင့်တပ်တော် အေအေရဲ့ ရပ်တည်လုပ်ဆောင်ချက်အပေါ် နိုင်ငံရေးပါတီတွေနဲ့ အခြားဆက်စပ်အဖွဲ့အစည်းတွေဘက်က စောင့်ကြည့် နေကြတာမျိုးကြောင့်လို့ ထောက်ပြပြောဆိုမှုတွေလည်းရှိပါတယ်။

လာမယ့်  ၂၀၂၃ ခုနှစ်ဩဂုတ်လမှာကျင်းပမယ်လို့ပြောဆိုထားတဲ့ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက အခု ၂၀၂၂ ခုနှစ် ကုန်ပိုင်းကစလို့ စစ်ကောင်စီကနေ ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် အေအေကတော့ ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေက ရခိုင်ပြည်နဲ့ ပြည်သူတွေအတွက် အကျိုးရှိတဲ့ရွေးကောက်ပွဲတွေမဖြစ်ခဲ့ဘူးဖို့ အေအေကပြုလုပ်ပြီးစီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်း အေအေစိုးမိုးမှု ရရှိထားတဲ့နယ်မြေတွေနဲ့ အခြားနေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီရဲ့ ပြင်ဆင်မှုတွေနဲ့ နှစ်ဖွဲ့ အကြား ပြောဆိုထားမှုတွေကိုတော့ ချပြပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။


BBC

0 comments:

Post a Comment