Sunday, December 18, 2022

ဧရာဝတီတိုင်းမှာ စပါးရိတ်ခြွေခ နှုန်းထားတွေ ၄ ဆလောက်ဈေးမြင့်တက်လို့တောင်သူတွေ အခက်အခဲဖြစ်နေ

ဧရာဝတီတိုင်းမှာ မိုးစပါးတွေ ရိတ်သိမ်းနေတဲ့ အခု ဒီဇင်ဘာလမှာ စပါးရိတ်ခြွေခနှုန်းထားတွေ အရင်ထက် ၄ ဆနီးပါး ဈေးမြင့်တက်လာတာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခု ဒီဇင်ဘာလဟာ မိုးစပါးတွေ ရိတ်သိမ်းနေတဲ့ ကာလဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မိုးစပါးတွေရိတ်တဲ့အချိန်က စပါးတစ်ဧကကို ရိတ်ခြွေခ ငွေကျပ် ၄၀၀၀၀ သာရှိခဲ့ပြီး လက်ရှိမှာ စပါးတစ်ဧကကို ရိတ်ခြွေခငွေကျပ်၁ သိန်း ၅သောင်းအထိ ဈေးတက်လာပြီး ရိတ်ခြွေခနဲ့ စိုက်ပျိုး စရိတ်နုတ်ရင် အရှုံးပေါ်နေတယ်လို့ကျိုက်လတ်မြို့နယ်က တောင်သူ တစ်ဦးကပြောပါတယ်။

"မနှစ်က ရိတ်ခြွေခ စပါးတစ်ဧကကိုမှ ၄ သောင်းပဲရှိခဲ့တာ အခု ၁ သိန်းနဲ့ ၅ သောင်းတဲ့ ၊ စက်သုံးဆီဈေးမကျလို့

ရိတ်ခြွေခဈေး တက်ရတာလို့ပြောတယ် ၊ ရိတ်ခြွေခဖိုးနဲ့အရင်းထည့်ထားတဲ့ စိုက်ပျိုးစရိတ် နုတ်ရင် အရှုံးတယ် ၊ အခုခေတ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ လယ်ယာ လုပ်ငန်း လုပ်ဖို့တောင် စိတ်ကုန်လာတယ်၊ အကြွေးတင် တာပဲအဖတ်တင်တယ် ၊ တစ်နှစ်နဲ့ တစ်နှစ် နလန်မထူ တော့ဘူး ၊ ကိုယ့်မှာက ရိတ်ခြွေမှမရှိတာ ငှားရိတ်ရတာ ''လို့ သူကဆက်ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ယခုနှစ် မိုးစပါးတွေလည်း အထွက်နှုန်း နေတွေကျဆင်းနေတယ်လို့သိရပြီး အခုလို စပါးတွေ အထွက်နှုန်း လျော့ကျနေတာဟာ ရာသီဥတုဖောက်ပြန်မှု တွေအပါအဝင်ရွှေခရုကိုက် ဖ်က္တာ ၊ စပါးရွက်ဖျက် ပိုးက်တာ ၊ စပါးတွေ အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားအန္တ ရာယ် မကျရောက်စေဖို့ သုံးနေကျပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ ဈေးတက်လို့ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ ဒေသမတည်ငြိမ်မှု တွေကြောင့်ရွာကို စွန့်ခွာ ပြေးကြရပြီး စပါးခင်းကို ဒီအတိုင်း ပစ်ထားခဲ့ရတဲ့ အတွက်ဖြစ်တယ်လို့ ဒေးဒရဲမြို့နယ်မှ တောင်သူတစ်ဦးကပြောပါတယ်။

''ဒီနှစ် မိုးစပါးစိုက်ပျိုးတဲ့ အချိန်က လုံခြုံရေး အခြေအနေ တွေကြောင့် လယ်ကွင်းထဲကိုသွား အလုပ် မလုပ်နိုင်တာ ၊ စိုက်ပျိုးစရိတ်တွေမတတ်နိုင်လို့ မစိုက်ပဲထားခဲ့ရတာ ၊စပါးတွေ စစိုက်တဲ့အချိန်က သုံးနေကျ ဓာတ်မြေဩ ဇာများမြေတွေ မသုံးနိုင်တာ ဒီအခြေအနေတွေကြောင့် အခု စပါးတွေ အထွက်လျော့ကျနေတာ၊ အရင်နှစ်တွေက စပါးတစ်ဧကကို ၉၃ တင်းအထိထွက်တယ် ၊အခုနှစ် စပါးတစ်ဧကကို အများဆုံး ၇၂ တင်းလောက် သာထွက် တော့တယ် ၊ အခု ပုံစံအတိုင်းဆို နွေစပါး ဆက်စိုက်ဖို့ တောင် အဆင်မပြေဘူး ။''လို့ သူကဆက်ပြောပါတယ်။

ဧရာဝတီတိုင်းဟာ ပြည်တွင်းမှာ ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်နဲ့ ဒေသရဲ့ဆန်ရိက္ခာအတွက်မထိခိုက်စေဖို့အတွက် တောင်သူလယ်သမားတွေ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို အဆင်ပြေပြေလုပ်နိုင်ဖို့ဆိုရင်  တည်ငြိမ် အေးချမ်းဖို့နဲ့ လယ်သမားတွေရဲ့ အဓိကလိုအပ် ချက်ဖြစ်တဲ့ ရိတ်စက် ၊ ထွန်စက် ၊ မျိုးစေ့ ၊ ချေးငွေ ၊ စက် သုံးဆီ စတဲ့ အရာတွေကို နိုင်ငံတော်ကပံ့ပိုးပေးမှအဆင် ပြေလိမ့်မယ်လို့ ကုန်သည်တွေ၊ လယ်သမားတွေနဲ့ လယ္သမားအေရး ဆောင်ရွက်နေသူတွေ ရဲ့ပြောပြချက်အရ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment