Monday, December 12, 2022

ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ပေး အပ်ရန် G7 ဆွေးနွေး

စီးပွားရေးအင်အားကြီး ခုနစ်နိုင်ငံအုပ်စု (G7) သည် ရုရှား၏ကျူးကျော်မှုကို ခုခံကာကွယ်ရန် ယူကရိန်းကို ဆက်လက်ကူညီမည်ဟု တနင်္လာနေ့က ကတိပြုခဲ့ကြသည်။ အစည်းအဝေးကို ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇင်လင်စကီးလည်း အွန်လိုင်းမှ တက်ရောက်ခဲ့သည်။
ဗြိတိန်အစိုးရမှထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် G7 ခေါင်းဆောင်များက မော်စကို၏ "တာဝန်မဲ့ပြောဆိုမှုများ" ကို ပြစ်တင်ရှုတ်ချပြီး ရုရှားက ဓာတု၊ ဇီဝ သို့မဟုတ် နျူကလီးယားလက်နက် အသုံးပြုလာပါက ပြင်း ထန်သောအကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။
တွေ့ဆုံမှုအတွင်း G7 ခေါင်းဆောင်များက ယူကရိန်းစစ် တပ်အတွက် လေကြောင်းရန်ကာကွယ်ရေး တိုးမြှင့်ရေး အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့သည်။
"ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ စွမ်းဆောင်ရည်တွေကို အဆောတလျင် လုပ်ဆောင်ပြီး စစ်ဘက်နဲ့ ကာကွယ်ရေးပစ္စည်းတွေအတွက် အရေးတကြီးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဆက်လက်ညှိနှိုင်းသွားမှာပါ" ဟု G7 ခေါင်းဆောင်များက ပြောကြားခဲ့သည်။
ဇင်လင်စကီးက တင့်ကား၊ အမြောက်နှင့် တာဝေးပစ်ဒုံးကျည်များအပါအဝင် လက်နက်များ ပိုမိုပေးပို့ရန် G7 ခေါင်းဆောင်များအား တောင်းဆိုခဲ့သည်။
"ကံမကောင်းစွာဘဲ ရုရှားက အမြောက်နဲ့ ဒုံးကျည်တွေမှာ အားသာချက်ရှိနေတုန်းပဲ။ ဒါက အမှန်တရားပါ။ အဲဒီလို စွမ်းရည်တွေကြောင့်လည်း ကရင်မလင်က ဆက်ပြီးမောက်မာနေတာပါ" ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။
ယူကရိန်းရှိ မရှိမဖြစ်အရေးကြီးသည့် အခြေခံအဆောက် အအုံများ ရုရှားဒုံးကျည်တိုက်ခိုက်မှုများဆက်လက် ရင် ဆိုင်နေရသည့်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ် စွမ်းရည်မြှင့်တင်ရန် ယူကရိန်းအစိုးရက ၎င်း၏ အနောက်နိုင်ငံမိတ်ဖက်များကို တိုက်တွန်းထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ကိဗ်ယက်အစိုးရသည် ဂျာမနီနိုင်ငံမှ ပထမဆုံး Iris-T လေကြောင်းရန်ကာကွယ် ရေးစနစ်ကို လက်ခံရရှိခဲ့ပြီး အမျိုးသားအဆင့်မြင့် မြေ ပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် NASAMS နှင့် Apside လေကြောင်းရန်ကာကွယ်ရေးစနစ်များ နိုဝင်ဘာလတွင် နိုင်ငံသို့ရောက်ရှိလာခဲ့သည်။
အမေရိကန်အစိုးရကလည်း ရုရှား၏ မောင်းသူမဲ့လေ ယာဉ်အသုံးပြုမှုကို တန်ပြန်တိုက်ခိုက်ရာတွင်အသုံးပြုမည့် နောက်ထပ် ခဲယမ်းနှင့် ကာကွယ်ရေးစနစ် ၂၇၅ သန်းပေးအပ်မည်ဟု ဒီဇင်ဘာ ၉ ရက်နေ့က ကြေညာခဲ့သည်။ ထို့အပြင် ဘိုင်ဒင်အစိုးရသည် ယူကရိန်းနိုင်ငံ စွမ်းအင်အခြေခံအဆောက်အအုံများကို ပံ့ပိုးရန် ဒေါ်လာ ၅၃ သန်း ကူညီမည်ဖြစ်ကြောင်းလည်း နိုဝင်ဘာ ၂၉ ရက်က ကြေညာခဲ့ပြီးဖြစ်သည်။

0 comments:

Post a Comment