Sunday, December 18, 2022

ဆွဲကြိုးချကြိုးကွင်းကြီးစွပ်ပြီး ရိုက်ကူးရတဲ့အတွက် နည်းနည်းတော့ ကြောက်ရပါတယ် ဘာများဖြစ်မလဲ စိုးရိမ်စိတ်ဖြစ်ခဲ့တယ်ဆိုတဲ့ အောင်မင်းခန့်

အချစ်၊ ဟာသနဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံဖြစ်တဲ့ "အသည်းကွဲပီယဆေး "ဇာတ်လမ်းတွဲမှာ ဆွဲကြိုးချကြိုးကွင်းကြီး စွပ်ရိုက်ကူးရတဲ့အတွက် နည်းနည်းတော့ ကြောက်ရပါတယ် ဘာများဖြစ်မလဲ စိုးရိမ်စိတ်ဖြစ်ခဲ့တယ်လို့ သရုပ်ဆောင် အောင်မင်းခန့်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ မဟာအပလီကေးရှင်းကနေ ထုတ်လွှင့်ပြသလျက်ရှိပြီဖြစ်ကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်းမြိုနယ်၊ မင်္ဂလာသီရီလမ်းရှိ မဟာအက်ပလီကေးရှင်းရုံး၌ ပြုလုပ်ခဲ့ပါတယ်။
“ဒီဇာတ်လမ်းတွဲလေးက စိတ်၀င်စားစရာ ကောင်းတဲ့ ဇာတ်လမ်းလေးပါ။ ကျွန်တော်က ဒီဇာတ်ကားမှာ ကြည်မောင်ဆိုတဲ့ ကာရိုက်တာနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော် တစ်ခါမှ မရိုက်ဖူးတဲ့ ဇာတ်ဝင်ခန်းတွေလည်း ဒီဇာတ်လမ်းတွဲထဲမှာ ပါတယ်။ ဆွဲကြိုးချတဲ့ အခန်းတွေဆိုရင် ကျွန် တော်တစ်ခါမှ မရိုက်ဖူးတဲ့ ပုံစံလေးပါ။ တကယ် လူတစ်ယောက် ဆွဲကြိုးချသလို သစ်ကိုင်းကြီးလည်း ထွက်နေတယ်။ ဆွဲကြိုးချတဲ့ ကြိုးကွင်းကြီး စွပ်ထားရတယ်။ နည်းနည်းတော့ ကြောက်ရပါတယ် ဘာများဖြစ်မလဲ စိုးရိမ်စိတ်နဲ့ရိုက်ခဲ့ရတယ်။ ညဘက်ကြီး အခေါင်းထဲ၀င်ရတဲ့ ဆင်းန်ကိုလည်း တော်တော်လေးကြောက်တယ်။ ပထမဆုံး အမှတ်တရတွေပါပဲ။ သေချာလေးစိတ်နှစ်ပြီး သရုပ်ဆောင်ထားတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါ၀င်သရုပ်ဆောင်ကျတဲ့ သူတွေကလည်း အရင်ကတည်းက အပြင်မှာ ရင်းနှီးပြီးသားသူတွေဖြစ်တော့ ကျွန်တော်တို့ သေချာလေးကြိုးစားပြီး ရိုက်ထားကြပါတယ်။ အမှတ်တရတွေလည်း အများကြီးပါ”လို့ သူက ပြောပါတယ်။
"အသည်းကွဲပီယဆေး "ဇာတ်လမ်းတွဲမှာ ဇာတ်လမ်းနဲ့ဇာတ်ညွှန်း ဒီဒီထက်အောင် ၊ ဒါရိုက်တာသားကြီးက ရိုက်ကူးထားပြီးတော့ သရုပ်ဆောင်များဖြစ်ကြတဲ့ အောင်မင်းခန့်၊ တေဇလင်းရောင်၊ ထွန်းပုလဲရတနာ၊ ကေကေဖြိုး၊ ဂျီဂျီး ၊ ဇော်၀င်းနိုင် ၊ ဖိုးသဲ ၊ဒဲ့ဒိုး ၊ မိုးတိမ် ၊ မောင်ကင်း ၊ ပေသီး ၊ အာလူး ၊ ၀မ်းဒိုး ၊ ခရစ္စတိုဖာ၀င်း ၊ တင်ဇာ၀င်း ပြည့် အေးသီတာ ၊ ပိုးဂျူလိုင်ထွန်း တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဒါရိုက်တာ သားကြီးကလည်း “ဒီဇာတ်လမ်းတွဲကကျွန်တော်ရိုက်နေကျပုံစံမျိုးနဲ့ နည်းနည်းလေးကွဲပါ တယ်။ ဒီဇာတ်လမ်းပုံစံလေးက အချစ်ရေးမှာ ကံခေတဲ့ ကြည်မောင်က စော်ကြည်အောင် လူသေအလောင်း ကနေ ပီယဆေးဖော်စပ်ဖို ကြိုးစားပြီး မအောင်မြင်ခဲ့ဘူး။ သူသေသွားမှ သူ့အလောင်းကနေ ဖော်စပ်ခဲ့တဲ့ ပီယဆေးက သူမတူအောင် စွမ်းနေတာပေါ့။ ပီယဆေးမှာ မကျွတ်မလွတ်ဘဲ စွဲကပ်နေတဲ့ ကြည်မောင်တစ်ယောက် ဘယ်လိုမျိုး သူချစ်ရသူတွေနဲ့ သူ့ကို လှောင်ပြောင်ခဲ့တဲ့သူတွေကို ခြောက်ခြားစေမှာလဲဆိုတာကတော့ ဒီဇာတ်လမ်းတွဲမှာ ကြည့်ရှုပေးကြပါ။ ဇာတ်လမ်းတွဲကို အခုဆိုရင် မဟာအက်ပလီကေးရှင်းက ထုတ်လွှင့်နေတာ ၃ ပိုင်းရှိပါပြီ ”လို့ ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ မဟာအက်ပလီကေးရှင်းကနေ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့တိုင်းတွင် နံနက် (၆)နာရီမှစတင်ကာ ဝင်ရောက်ကြည့်ရှုနိုင်ပြီလို့ သိရပါတယ်။

0 comments:

Post a Comment