Thursday, December 15, 2022

မြန်မာနိုင်ငံအစိုးရနှင့်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးတို့ကြား လက်ရှိနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူးမစ္စတာ ဆန်ဂျေး မာသာ တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်မှ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန် ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာ အား ဒီဇင်ဘာ ၁၅ ရက်နံနက် ၁၁ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံအစိုးရနှင့်ကုလသမဂ္ဂစီမံ ကိန်းဝန်ဆောင်မှုရုံးတို့ကြား လက်ရှိနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂစီမံ ကိန်းဝန်ဆောင်မှုရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အ စည်းကြီး၏ မိသားစုအဖွဲ့ဝင်တစ်နိုင်ငံပီပီ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ ပဋိဥာဏ်စာချုပ်များအပေါ် မသွေမဖည်မျက်ကွယ်မပြုဘဲ ဆက် လက်လိုက်နာသွားမည်ဟု နစက ကထုတ်ပြန်ထားသည်။

Popular

0 comments:

Post a Comment