Thursday, December 15, 2022

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ခုနဲ့ သွားလာရေး နဲ့လူမှုရေးခက်ခဲသောဒေသတွေက ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့်ရသူ ၃၀ကျော်စာရင်းထုတ်ပြန်

ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ(၆)ခုနဲ့ သွားလာရေး၊ လူမှုရေးခက်ခဲတဲ့ဒေသတွေက ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့်ရသူ ၃၀ကျော်စာရင်းကို ကျန်းမာရေးဝန်ကြီးဌာနကနေထုတ်ပြန်လိုက်ပါတယ်။

နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ "ဝ"ဒေသတို့မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များသို့ လျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့စာမေးပွဲဖြေဆိုခွင့်ရသူများစာရင်းမှာစုစုပေါင်း (၃၈)ဦးရှိကြောင်း သိရပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များသို့ လျှောက်ထားသူများ မှ ရွေးချယ်ကာဝင်ခွင့်ဖြေဆိုရန်ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

ဝင်ခွင့်ဖြေဆိုသူများဟာ  သွားလာရေးနဲ့ လူမှုရေးခက်ခဲသော ဒေသများနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ(၆)ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တွင် အမြဲနေထိုင်သူဖြစ်ဖို့လိုအပ်ပြီး (၈)တန်းမှ(၁၀)တန်းအထိ အဆိုပါဒေသများတွင် ပညာသင်ကြားခဲ့ကာ ယင်းဒေသများရဲ့ စာစစ်ဌာနများတွင်စာမေးပွဲအောင်မြင်ခဲ့သူများဖြစ်ရမည် ဖြစ်ကြောင်းကိုလည်း ဝင်ခွင့်လျှောက်ထားဖို့ အကြောင်းကြားစဉ်က ထည့်သွင်း ထုတ်ပြန်ခဲ့ပါတယ်။

သိပ္ပံဘာသာတွဲဖြင့်စာမေးပွဲအောင်မြင်ပြီး (၆)ဘာသာရမှတ်စုစုပေါင်း(၄၂၀)ရရှိရမည်ဖြစ်ကာ အင်္ဂလိပ်စာ၊ ဓာတု၊ ဇီဝ(၃)ဘာသာရမှတ်အနည်းအများအပေါ် မူတည်၍ပမာဏရွေးချယ်ပြီး လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ဘွဲ့ရပြီးပါက မိမိဒေသတို့တွင် နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး(၅)နှစ် ၊ဘွဲ့လွန်သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်ဝန်ခံကတိပြုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။



MyanmaPlatform

0 comments:

Post a Comment