Monday, December 12, 2022

အောင်လအန်ဆန်နှင့် ဖန်ယောင်တို့ ထိုးသတ်မည်

MMA ကစားသမား မြန်မာ့စပါးအုံး အောင်လအန်ဆန်က လာမယ့်၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှာ One Champoinship ကကျင်းပမယ့် One On Video-6 ပြိုင်ပွဲမှာ တရုတ်နိုင်ငံသား ဖန်ယောင်နဲ့ထိုးသတ်သွားမှာဖြစ် တယ်လို့ One Champoinship က သိရပါတယ်။
အောင်လအန်ဆန်အနေနဲ့ ပြိုင်ပွဲတွေ ဆက်လက်ကစားဖို့ One Championship နဲ့ စာချုပ်ချုပ်ဆိုမှုအပြီးမှာ ဖန်ယောင်နဲ့ထိုးသတ်မယ့် မစ်ဒယ်ဝိတ်တန်းပွဲစဉ် ထွက်ပေါ်လာ တာလည်း ဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကပွဲစဉ်မှာ ဂျပန် MMA ကစားသမား အိုကာမီကို ပထမအချီမှာပဲ အနိုင်ယူနိုင်ခဲ့ပြီး အခုဖန်ယောင်နဲ့ပွဲကိုပါ ထပ်မံအနိုင်ရခဲ့ရင် မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲအတွက် စိန်ခေါ်နိုင်ဖို့ အခွင့်အလမ်း ကောင်းသွားမှာလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်နဲ့ထိုးသတ်မယ့်ဖန်ယောင်ကတော့ One Championship လေးပွဲသာ ကစားထားပြီး နှစ်ပွဲနိုင် နှစ်ပွဲရှုံး ရလဒ်ရရှိထားပါတယ်။

One News

0 comments:

Post a Comment