Tuesday, December 27, 2022

တရုတ် အထူးကိုယ်စားလှယ်သစ် နေပြည်တော် ယနေ့ ရောက်မည်

အာဆီယံဆိုင်ရာ တရုတ်သံအမတ်ဟောင်း တိန့်ရှီကျွန်း Deng Xijun သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန် Sun Guoxiang ၏နေရာကို ဆက်ခံသူအဖြစ် နေပြည်တော်သို့ ရောက်ရှိမည်ဟု သတင်းရသည်။
နေပြည်တော်မလာခင် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား သီးခြားစီ တွေ့ဆုံလာခဲ့ကြောင်းလည်း သိရသည်။
တိန့်ရှီကျွန်းသည် ၂၀၂၀ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်း၏ မြန်မာပြည်ခရီးစဉ်သည် မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား နည်းပညာနဲ့ လူကိုသေစေခြင်းမရှိသော အကူအညီမျိုး ထောက်ပံ့ရန် အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) -၂၀၂၃ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲ တွင် အမေရိကန်က အတည်ပြုခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဧရာဝတီ

0 comments:

Post a Comment