Monday, December 12, 2022

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို တရားစွဲထားတဲ့ ရဟတ်ယာဉ်နဲ့ ပတ်သတ်တဲ့ အမှုတွေက လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ခဲ့တာလို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တရားရုံးမှာထွက်ဆို

ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းမှုတွေကို  လုပ်ထုံးလုပ်နည်း၊ စည်းကမ်းတွေ အတိုင်းသာ ဆောင်ရွက်ခဲ့တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့စွပ်စွဲထားတဲ့ ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုဆိုင်ရာ အဂတိမှု ၅မှုထဲက ၃မှုကို ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်အချုပ်ထောင်အထူးတရားရုံးမှာ ကြားနာခဲ့တာဖြစ်ပြီး ယင်း ကြားနာ မှုကို   စွပ်စွဲခံရသူဘက်ကသက်သေ ဖြစ်တဲ့ ဒုတိယသမ္မတ ဦး ဟင်နရီဗန်ထီးယူ ကို စစ်ဆေးခဲ့စဉ်အတွင်း ယင်းကဲ့သို့  ထွက်ဆိုခဲ့တာလို့ ပြောပါတယ်။

တရားရုံး ထွက်ဆိုချက်အတွင်း ဒုတိယသမ္မတ ဦး ဟင်နရီဗန်ထီးယူ က ယင်းအချိန် တွင်သူသည်  အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး သဘာဝဘေးအတွက် သုံးစွဲမယ့် ရဟတ်ယာဉ် ဝယ်ယူ/ငှားရမ်း/ ပြင်ဆင်တဲ့ ကိစ္စတွေမှာ လုပ်ထုံးလုပ်နည်းတွေ ဥပဒေတွေနဲ့အညီသာဆောင်ရွက်ခဲ့ ကြောင်းထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကပြောတာပါ။

အဆိုပါ ရုံးချိန်းမှာ အမှုအမှတ် ၄၆၊ ၄၇၊ ၄၈ သုံးမှုထိ စစ်ဆေးပြီးစီးပြီး နောက်ထပ် နှစ်မှုကို ဆက်လက်စစ်ဆေးဖို့ ရှိနေတယ်လို့လည်းယင်းတို့က ပြောပါတယ်။

 အ တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းရာမှာ  အဂတိလိုက်စားမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေမှာ အဓိက တာဝန်ရှိတဲ့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဖြစ်ပြီး   ပြီးခဲ့တဲ့NLD အစိုးရလက်ထက် ထိပ်ပိုင်းခေါင်းဆောင်တွေဖ မ်းဆီးထိန်းသိမ်းခံထားရပေမယ့်  ဦးဟင်နရီဗန်ထီးယူကတော့ ဒုတိယသမ္မတရာထူးနဲ့ ဆက်ရှိနေပြီး ဖမ်းဆီးတရားစွဲဆိုခံရတာ မရှိပါဘူး။


MyanmaPLatrorm

0 comments:

Post a Comment