Sunday, December 18, 2022

အာဆီယံ-မော်စကို ကော်မတီအစည်းအဝေးသို့ မော်စကိုမြို့အခြေစိုက်သံရုံးအကြီးအကဲများ၊ယာယီတာဝန်ခံများနှင့်အတူ မြန်မာသံအမတ်ကြီးဦးလွင်ဦး တက်ရောက်


ရုရှားနိုင်ငံ၊မော်စကိုမြို့ရှိ Metropol Hotel တွင် ၂၀၂၂ ခုနှစ်၊အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသံရုံးကကြီးမှူး၍ အာဆီယံ-မော်စကိုကော်မတီအစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးအား ဒီဇင်ဘာ ၁၆ ရက်ကကျင်းပရာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးသည် မော်စကိုမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊သံရုံးယာယီတာဝန်ခံများနှင့်အတူ တက်ရောက်ခဲ့သည်။
အာဆီယံနိုင်ငံသံရုံးများနှင့်ရုရှားနိုင်ငံ၊နိုင်ငံခြား ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊အခြားအဖွဲ့အစည်းများကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊အခြားကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်အား အင်ဒိုနီးရှားနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။




Popular

0 comments:

Post a Comment