Sunday, December 18, 2022

PDF များကို ကူညီထောက်ပံ့ပေးနေသည်ဆိုသည့် အမျိုးသား ဖမ်းဆီးစစ်ဆေးခံနေရ

ရွှေဘိုမြို့တွင် PDF များကို ကူညီထောက်ပံ့ပေးသည်ဟုဆိုကာ အမျိုးသားတစ်ဦးအား လခရအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြိုခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ၊ အမှတ်(၁၀) ရပ်ကွက်၊ တပ်မြို့တောင်ရပ်ရှိ တပ်မြို့တောင်(၁၂) လမ်းတွင်နေထိုင်သူ အသက် ၃၃ နှစ်အရွယ်ခန့်ရှိသော ကျပန်းလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ PDF အဖွဲ့များကို ကူညီထောက်ပံ့ပေးနေသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
" နေ့လည် ၁၂ လောက်က စစ်သားတွေနဲ့ရဲတွေကရောက်လာပြီးတော့ အိမ်ထဲအထိဝင်ဖမ်းသွားကြတာ။ ဖုန်းနဲ့ TOYOTA ကားတစ်စီးပါ သိမ်းသွားကြတယ်။ ဘာလို့ဖမ်းတာလည်းမေးလိုက်တော့ PDF တွေနဲ့ပတ်သက်နေတယ် သတင်းရလို့ တာဝန်အရ ခေါ်စစ်ဆေးတာပါလို့ပြောသွားကြတယ်"ဟု ဖမ်းဆီးခံရသည့် အမျိုးသားနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောသည်။
၎င်းကိုင်ဆောင်နေသည့် Oppo အမျိုးအစားဖုန်း(၁)လုံး၊ TOYOTA VITZ အမျိုးအစားအဖြူရောင် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးသွားပြီး ရွှေဘိုမြို့မရဲစခန်းတွင် စစ်ဆေးမှုများပြုလုပ်နေကာ စစ်ဆေးပေါ်ပေါက်ချက်များအပေါ်မူတည်ပြီး ဉပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဖမ်းဆီးခံရသော အမျိုးသားသည် ခင်ဦးမြို့နယ်ရှိ အလယ်လျှိုကျေးရွာ PDF အဖွဲ့အတွက်ငွေကြေးများနှင့် ပစ္စည်းများထောက်ပံ့လှူဒါန်းနေသည့်အပြင် ၎င်းတို့အဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လှုပ်ရှားသွားလာသည့် သတင်းများကိုပေးပို့မှုများ ပြုလုပ်နေသည်ဟု သတင်းရရှိမှုကြောင့် ယခုလို ဖမ်းဆီးခေါ်ယူစစ်ဆေးခံနေရကြောင်းလည်း သိရသည်။

0 comments:

Post a Comment