Monday, December 12, 2022

အာဆီယံမူဝါကြောင့် ဒေသတွင်းနိုင်ငံများ၌ ကိုယ်စားလှယ်ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသေးဟု NUG ဝန်ကြီးဆို

အရှေ့တောင်အာရှနိုင်ငံအတွင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့်ထိတွေ့ဆက် ဆံသော နိုင်ငံများရှိသော်လည်း အာဆီယံမူဝါဒများကြောင့် အာဆီယံနိုင်ငံတချို့တွင် NUG ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ရရန်ကြန့်ကြာနေကြောင်း အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေးဗစ်ဂွမ်အောင်က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ Public Voice Television သတင်းဌာနက တင်ဆက်သော တွေ့ဆုံမေးမြန်းခန်း အစီအစဥ်တွင် ၎င်းက ယင်းကဲ့သို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အာဆီယံပဋိညာဥ်တွင် တစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြားတစ်နိုင်ငံကဝင်ရောက် မစွက်ဖက်ရဟူသော မူဝါဒ ပါဝင်နေသဖြင့် တချို့သောအာဆီယံနိုင်ငံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား ပွင့်လင်းမြင်သာစွာ ဆက်သွယ်နိုင်ခြင်းမရှိကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။
"ကျွန်တော်တို့ကလည်း အာဆီယံနိုင်ငံ။ ဒီထဲမှာဘာလို့ representative ရုံးတွေမဖွင့်နိုင်လဲဆိုတော့ ခုနကလို politic တွေအရေးပါတယ်။ NUG အစိုးရကို အာဆီယံခေါင်းဆောင်တွေက တွေ့နေကြတာရှိတယ်။ ဒါပေမဲ့ representative ရုံးဖွင့်ခွင့်ရတဲ့အထိ သူတို့ဘက်ကလည်းပြောင်ပြောင်တင်းတင်းနဲ့ အာဆီယံရဲ့ principle တွေကို သွေဖြည်ပြီးတော့လုပ်ဖို့အတွက်အများကြီး barriers ကျော်ဖြတ်ဖို့ရှိတော့ အဲဒါတွေကြောင့် ကြန့်ကြာနေရ တာ ဖြစ်တယ်" ဟု ဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင်က ဆိုသည်။
အာဆီနိုင်ငံများတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီးထုတ်ဖော်ပြောဆိုမှုများရှိသောနိုင်ငံနှင့် ပိုနေမြဲ၊ ကျားနေမြဲ နှုတ်ဆိတ်နေသည့်နိုင်ငံများဟူ၍ နှစ်ပိုင်းကွဲနေကြောင်း ၎င်းကဆိုသည်။
အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများက မြန်မာ့အရေးထုတ်ဖော်ပြောဆိုမှုများရှိပြီး ပြည်သူရွေးကောက်ထားသည့် အစိုးရကို အာဏာပြန်အပ်ရေး၊ လစ်ဘရယ်စံနှုန်းများကိုတန်ဖိုးထားသည့်နိုင်ငံအစုနှင့် ထိုင်း၊ ကမ္ဘောဒီးယားတို့က နေ မြဲအတိုင်းဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူထောက်ခံမှုဆက်ရရှိနေပြီး ဥပဒေ ပိုင်း ဆိုင်ရာခိုင်မာမှု၊ လူမှုစီးပွားတိုးတက်မှုများလာပါက အာဆီယံကပို၍ ပွင့်လင်းမြင်သာစွာ ဆက်ဆံလာ နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
အာဆီယံက မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရန် အာဆီယံသဘောတူညီချက်ငါးချက်ချမှတ်ထားပြီး စစ်ကောင်စီ ကို လိုက်နာရန်ပြောဆိုထားသည်။
လက်ရှိ အာဆီယံအစည်းအဝေးများတွင် မြန်မာဘက်မှ မည်သည့်ကိုယ်စား လှယ်ကိုမှလက်ခံခြင်းမရှိဘဲ မြန်မာ ကိုယ်စားပြုထိုင်ခုံနေရာအလွတ်ထားရှိသည်။
အာရှနိုင်ငံ ဂျပန်နှင့် တောင်ကိုရီးယားအပါအဝင် ပြင်သစ်၊ ချက်ပြည်သူ့သမ္မတ၊ ဗြိတိသျှ၊ နော်ဝေနှင့် သြစတြေး လျနိုင်ငံတို့တွင် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးများဖွင့်လှစ်ထားနိုင်သည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် NUG ဆက်ဆံရေးရုံးကို ဖွင့်လှစ်ထားသည်။

Photo . Internet

0 comments:

Post a Comment