Sunday, December 18, 2022

ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ SEA Rivals Mobile Legends ပြိုင်ပွဲမှာ မြန်မာက Falcon Esports အသင်း ချန်ပီယံဆု ရရှိ

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပသည့် Kingdom of Legends : SEA Rivals Mobile Legends ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် Falcon Esports အသင်းက ချန်ပီယံဆု ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ  Kingdom of Legends : SEA Rivals Mobile Legends ပြိုင်ပွဲကို အိမ်ရှင် ကမ္ဘောဒီးယား၊  မလေးရှား ၊ စင်ကာပူ  ၊ မြန်မာ ၊ လာအို နှင့်  ထိုင်း နိုင်ငံ က အသင်းတွေ အသင်းတွေ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာကိုယ်စားပြု   Falcon Esports အနေနဲ့ ပြိုင်ပွဲ တစ်လျှောက်   အိမ်ရှင် ကမ္ဘောဒီးယား ကိုယ်စားပြု အသင်းတွေကို ရှုံးပွဲမရှိစံချိန်နဲ့  ဆက်တိုက် အနိုင်ယူနိုင်ခဲ့ပြီး  ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ Grand Final မှာ လည်း ကမ္ဘာဒီးယားအသင်းဖြစ်တဲ့ Impunity KH ကို 3-0 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိကာ Smart Kingdom Of Legends:SEA Rivals ရဲ့ Champions ဆုကိုထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။

Flacon Esports အသင်းသည်  ချန်ပီယံအဖြစ်  ဆုကြေးငွေ ဒေါ်လာ ၁၀၀၀၀ကို ရရှိခဲ့ပါတယ်။

ယခု Tournament ဟာလည်း Tier-B အဆင့်ရှိတဲ့ International Tournament ဖြစ် တာကြောင့် Falcon Esports အနေနဲ့ Top Clan International Summer champion ပြီးရင် သူတို့ရဲ့ ဒုတိယမြောက် International Trophy ကိုလည်းမြန်မာနိုင်ငံ အတွက် ထပ်မံသိမ်းယူပိုင်ဆိုင်လာနိုင်ခဲ့တာဖြစ်ပါတယ်။


MyanmaPlatform

0 comments:

Post a Comment