Sunday, December 18, 2022

Tik Tok မှာ ပြိုင်ပွဲလုပ်ဦးမဲ့ "မောင်လေးစား"သီချင်းကိုဖျော်ဖြေမှုအဖြစ်ပဲ ကြည့်ပေးပါလို့ ပြောလာတဲ့ "လှယမင်းအိမ်"(ကိတ်)

Tik Tok မှာ ပြိုင်ပွဲလုပ်ဦးမဲ့ "မောင်လေးစား"သီချင်းကို ဖျော်ဖြေမှုအဖြစ်ပဲ ကြည့်ပေးပါလို့ သီဆိုသူ "လှယမင်းအိမ်"(ကိတ်) က MT News ကို ပြောလာပါတယ်။
''ညီမကျွေးတာ ဟော့ပေါ့နဲ့ ဘူဖေးပဲကျွေးတာပါ။ ကျန်တဲ့သူတွေ သူတို့ဟာသူတို့ ကျွေးချင်တာကျွေးနေကြတာတော့ ညီမလည်းမသိဘူးပေါ့နော်။ ညီမကတော့ ဟော့ပေါ့နဲ့ ဘူဖေးပဲကျွေးတာပါ။ ကျန်တဲ့သူတွေ ကျွေးတာရှိလည်း စားချင်စားပေါ့နော်" လို့ Kate က ဆိုပါတယ်။
ဒီသီချင်းကို Tik Tok မှာ ပြိုင်ပွဲလုပ်ပေးမှာဖြစ်လို့ ဝင်ပြိုင်ဖို့လည်း Kate က ဖိတ်ခေါ်ခဲ့တာတွေနဲ့ ဒီသီချင်းပေါက်သွားတဲ့အပေါ်မှာလည်း သူမရဲ့ ဆက်လက်လုပ်ဆောင်မှာတွေ ပြောသွားတာကို MT News ရဲ့ ဒီရုပ်သံမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။

MT News

2 comments: