Tuesday, December 27, 2022

နယ်ချဲ့ကိုလိုနီ လက်ဟောင်းနဲ့ လက်သစ်များသွေးခွဲလို့ ပဋိပက္ခမျိုးစုံဖြစ်နေဆဲလို့ စစ်ကောင်စီ ဒုခေါင်းဆောင် ပြောပြန်

လွတ်လပ်ရေးရပြီးကတည်းက ၇၅နှစ်ကြာသည့် ဒီကနေ့တိုင်အောင်ကို နယ်ချဲ့ကိုလိုနီလက်ဟောင်းနဲ့ လက်သစ်တွေကပါ တိုင်းပြည်အပေါ် နည်းမျိုးစုံသွေးခွဲတာကြောင့် ပဋိပက္ခမျိုးစုံဖြစ်ပွားခဲ့သလို ဒီကနေ့ အထိကို ဖြစ်ပွားနေဆဲလို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ ၂၇ရက်နေ့က ပြောခဲ့ပါတယ်။
ရန်ကုန်မြို့၊ မှော်ဘီဗိုလ်သင်တန်းကျောင်းမှာပြုလုပ်တဲ့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားမှာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အခုလို ပြောခဲ့တာပါ။
အဲဒီလိုသွေးခွဲမှုကြောင့် ဝါဒရေးရာအယူအဆ၊ လူမျိုးရေးရာအယူအဆ၊ ဘာသာရေးရာအယူအဆ ကွဲလွဲမှု တွေကနေ တိုင်းရင်းသားတွအကြား ပဋိပက္ခမျိုးစုံ အခုချိန်ထိဖြစ်နေဆဲလို့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်းသူတွေကို သူက မိန့်ခွန်းပြောခဲ့ပါတယ်။
အဲဒီလိုဖြစ်ရပ်တွေ အမြန်ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် လက်နက်ကိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်း နေတယ်လို့လည်း ညွှန်းဆိုပြောပြပြီး ထာဝရငြိမ်းချမ်းရေးရဲ့သမိုင်းကြောင်းကို နားလည်အောင်ကြိုးစားလေ့ လာဖို့ကို တိုက်တွန်းခဲ့ပါသေးတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သင်တန်းဆင်းဘွဲ့ရအမျိုး သမီးဗိုလ်လောင်းတွေကို စစ်ဘက်ရေးရာ အကြောင်းအရာများနဲ့ စစ်တပ်နဲ့ နိုင်ငံတော်အတွင်းလုပ်ဆောင်ချက်များကိုလည်း မိန့်ခွန်းအတွင်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - dsinfo
BBC

0 comments:

Post a Comment