Sunday, December 18, 2022

ထိုင်းက ပန်းပညာရှင်ရဲ့ လက်ရာတွေနဲ့ ပြင်ဦးလွင် ပန်းပွဲတော်မှာ ပန်းပင်ပေါင်း ၃ သိန်းကျော် ပြသ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ  (၁၅)ကြိမ်မြောက်အဖြစ် ကျင်းပသည့် ပန်းပွဲတော် (Blooming Fantasy)ကို    စတင်ဖွင့်လှစ်လိုက်ပြီး ပြည်တွင်းပြည်ပပန်းမျိုးစုံ (၂၅) မျိုး၊ မျိုးကွဲပေါင်း(၅၀)ကျော် အပင်ပေါင်း (၃) သိန်းကျော်  စိုက်ပျိုးပြသထားကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်မှ သိရပါတယ်။

ပန်းပွဲတော်တွင်  ထိုင်းနိုင်ငံမှ အထင်ကရပန်းအနုပညာရှင် Mr.Joe, “Rain Forest Thailand” က “Landscape design” အသစ်များကို ရေရှည်အစီအစဉ်ဖြင့် အဆင့်မြှင့်တင်ပုံဖေါ်‌ထားတယ်လို့လည်း ဆိုပါတယ်။  

ပန်းပွဲတော်ကို လာမည့် ဇန်နဝါရီ ၁၅ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်ကာလ ဒီဇင်ဘာ ၂၄ ရက်တွင် ခရစ်စမတ်အကြိုပွဲ၊ ၂၅ ရက်တွင် ခရစ်စမတ်ပွဲ၊ ၃၁ ရက်တွင် နှစ်သစ်ကူးပွဲ၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးပွဲနှင့် ဇန်နဝါရီ ၇ ရက်တွင် stage show ပွဲဖြင့် ဖြေဖျော်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။








MyanmaPlatform

0 comments:

Post a Comment