Monday, December 12, 2022

ကမ္ဘောဒီယား သံအမတ်ကို နိုင်ငံတည်ငြိမ်ရေးအတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိတဲ့အခြေအနေတွေကို နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့တယ်လို့ ပြန်ကြားရေး ထုတ်ပြန်

နေပြည်တော်ရောက်နေတဲ့ ကမ္ဘောဒီယား သံအမတ်ကို နိုင်ငံတည်ငြိမ်ရေးအတွက်  ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိတဲ့အခြေအနေတွေကို  နစက ဥက္ကဋ္ဌ ကရှင်းလင်းပြောကြားခဲ့ တယ်လို့ ပြန်ကြားရေး ထုတ်ပြန်လိုက်ပါတယ်။ 

နစက ဥက္ကဋ္ဌ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. CHHOUK Bunna   နေပြည်တော်ရှိ   ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ တွေ့ဆုံမှုအတွင်း  မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတော်၏ တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့ရမှုနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ 


MyanmaPlatform

0 comments:

Post a Comment