Sunday, December 18, 2022

လေးရှား စကိတ်ပြိုင်ပွဲမှာ မြန်မာကစားသမား ၂ ဦး ရွှေတံဆိပ် ၄ ခု ဆွတ်ခူး

မလေးရှား စကိတ်ပြိုင်ပွဲမှာ အသက် ၁၅ နှစ်အောက် မြန်မာကစားသမား ၂ ဦး ရွှေတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်း( Myanmar Skate Association)  က ပြောပါတယ်။

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်  ကျင်းသည့် Melaka Inline Speed Open 2022 စကိတ်ပြိုင်ပွဲကို မြန်မာကိုယ်စားပြု လှိုင်သာယာ သူရဲကောင်းလေးများ အသင်းမှ မောင်နှမ ဖြစ်သော မောင်အင်အား (၁၃ နှစ်) နှင့် မမေခွန်အား (၁၂ နှစ်) တို့ ၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးမှာတော့ ရွှေတံဆိပ် ၄ ခုအထိ ဆွတ်ခူးရရှိခဲ့တာပါ။

မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်းက “မီတာ ၂၀၀ နှင့် မီတာ ၈၀၀ mix အတွဲ မှာ ထပ်မံဆွတ်ခူးပြီး ရွှေတံဆိပ် (၄) ခုရရှိခဲ့ပြီဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

အဆိုပါပြိုင်ပွဲကို မလေးရှားနိုင်ငံ မလက္ကာမြို့၊ ထွန်းဘာတီမာ ကွင်းတွင် ကျင်းပခဲ့တာဖြစ်ပြီး  အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား နှင့်  အင်ဒိုနီးရှား နိုင်ငံမှ  ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment