Monday, December 26, 2022

မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ပွဲ တာချီလိတ် လွန်းလိန်းကျောင်းတိုက်တွင် ကျင်းပမည်

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲကို လာမည့် ဇန်နဝါရီ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ  တာချီလိတ်မြို့ မိုင်းဖုန်းသာသနာ့နယ်မြေ လွန်းလိန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

မွေးနေ့ပွဲကာလအတွင်း အနယ်နယ် အရပ်ရပ်ရှိ အဖွဲ့ပေါင်းစုံမှ စတုဒီတာ ကျွေးမွေးခြင်း လှူဒါန်းခြင်းများကို ဆောင်ရွက်ကြမည် ဖြစ်တယ်လို့ဆိုပါတယ်။

ယင်းအပြင် အဆိုပါ လွန်းလိန်းနယ်မြေအတွင်း စာဂ ပေးကမ်း လှူဒါန်းခြင်း ကိစ္စရပ်များကိုသာ ဆောင်ရွက်ခွင့် ပေးထားပြီး အခကြေးငွေဖြင့် စျေးရောင်းချခြင်းများကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

စည်းကမ်း လိုက်နာမှု မရှိဘဲ  ဝင်ရောက် ရောင်းချသည့် စျေးသည်များ၏ ပစ္စည်းများအား လုံခြုံရေး အဖွဲ့များမှ ပွဲတော်ပြီးသည်အထိ သိမ်းဆည်းထားမည် ဖြစ်ကာ မိမိတို့ ပစ္စည်းများ မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင် အသိပေးချက်များအား တိကျစွာ လိုက်နာပေးကြပါရန် တိုက်တွန်းထားပါတယ်။

အလားတူ ပွဲတော်ကာလအတွင်း ယာဉ်လမ်းကြောင်း ပိတ်ဆို့မှု မရှိစေရေးအတွက် လွန်းလိန်းစေတီ အဝင်မုဒ်ဦးမှစပြီး စျေးရောင်းချမည့် လူ၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တွန်းလှည်း အားလုံးကို ဝင်ရောက်ခွင့် တားမြစ်မယ်လို့လည်းဆိုပါတယ်။


MyanmaPlatform

0 comments:

Post a Comment