Monday, December 12, 2022

တပ်မတော်(ရေ)အင်ဂျင်နီယာများ၏စွမ်းအားနှင့် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သည့် ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့(Cox's Bazar) ရှိ Inani ကမ်းခြေတွင်ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်(ရေ)မှ ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည့် အရာရှိ၊စစ်သည်များအား သန်လျင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်တပ်မ တော်(ရေ)မှ အရာရှိစစ်သည်၊မိသားစုများက ကြိုဆိုခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ ဆုံပွဲ International Fleet Review-2022 (IFR-2022)အား ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အထိပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဖွင့်ပွဲအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော်(ရေ)မှ ဒုံးပျံတင်ဖရီဂိတ်စစ်ရေ ယာဉ်(ကျန်စစ်သား)ဖြင့် ဗိုလ်မှူးကြီးသိန်းစိုးနှင့်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်နိုင်းမင်းကျော်တို့ဦးဆောင်၍ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်(ရေ)၏ ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များသည် နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင်ပါဝင်ခြင်း၊ နိုင်ငံတကာစစ်ရေယာဉ်များနှင့်အတူ ပုံပြုချီတက်မောင်းနှင်ခြင်း၊ နိုင်ငံတကာရေကြောင်းဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခြင်း၊ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်တွေ့ဆုံခြင်းများအား ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် နိုင်ငံအလိုက်ရိုးရာယဉ်ကျေးမှု အကပဒေ သာများဖြင့် ကပြဖျော်ဖြေရာတွင်ပါဝင်ဆင်နွှဲခြင်း၊ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံပွဲတွင်ပါဝင်၍ တည်ခင်းဧည့်ခံခြင်း၊ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ခြင်း၊ကမ်းခြေ၌ ကျင်း ပသည့် ပျော်ပွဲရွှင်ပွဲများသို့ အပြည်ပြည်ဆိုင်ရာရေတပ်အရာရှိ၊ စစ်သည်များနှင့်အတူတက် ရောက်ခြင်း၊ကမ္ဘာ့အင်အားကြီးရေတပ်များ၊ဒေ သတွင်းရေတပ်များ၏ စစ်ရေယာဉ်များနှင့်အတူ သရုပ်ပြပုံပြုမောင်းနှင်ခြင်းတို့ကိုလည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ယခု ခရီးစဉ်၌ မြန်မာ့တပ်မတော်(ရေ)၏ စွမ်း ဆောင်နိုင်မှုအား ဖော်ထုတ်ပြသနိုင်ခဲ့သည့်အပြင် နိုင်ငံတကာရေတပ်များ၊ဒေသတွင်း ရေတပ်များနှင့်အိမ်နီးချင်းရေတပ်များကြား မြန်မာ့တပ်မ တော်(ရေ)အင်ဂျင်နီယာများ၏စွမ်းအားနှင့်ကိုယ် တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သည့် ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ရေမိုင် ၁၄၅၆ မိုင်ကို သွားရောက်၍ သံတမန်ရေးရာက ဏ္ဍဆောင်ရွက်မှုများကို အောင်မြင်စွာတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Popular

0 comments:

Post a Comment