Monday, December 12, 2022

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးနေရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိ

ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်ကောင်စီက အဆိုပြုခဲ့သည့် သံအမတ်ကို ပယ်ချခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နေရာကို ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ခဲ့ကြောင်းသိရသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တစ်နှစ် ဆက်လက်ထားရှိဖို့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ (Credentials Committee) က အတည်ပြု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဒီဇင်ဘာ (၁၂) ရက်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးအတွင်း နိုင်ငံကိုယ်စားပြုမှု သတ်မှတ်တဲ့ Credential ကော်မတီ အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုလက်ရှိအတိုင်းဆက်ထားဖို့သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ကုလသမဂ္ဂ Credential ကော်မတီမှာကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ ရုရှား ၊ တရုတ် တို့အပါအဝင် နိုင်ငံ (၉) နိုင်ငံပါဝင်ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားက ကန့်ကွက် ခဲ့ပေမယ့်လည်း ဒီဇင်ဘာ (၁၃) ရက်က အခုလို ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို NLD အရပ်သားအစိုးရက ခန့်အပ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် သံအမတ်ကြီးက မြန်မာပြည်သူများ နှင့် အတူပြတ်သားစွာရပ်တည်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ရပ်တည်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီက သံအမတ်ကြီးကို ရာထူးမှထုတ်ပယ်ကြောင်း ကြေညာခဲ့သော်လည်း ကုလသမဂ္ဂက လက်ရှိအချိန်အထိ မြန်မာကိုယ်စားပြုထိုင်ခုံကို သံအမတ်ကြီးကို ဦးကျော်မိုးထွန်းကို ခန့်အပ်အတည်ပြုထားဆဲဖြစ်သည်။

MoeZ/ Era'sEyes | Photo - UN - သံအမတ်ကြီးဦးကျော်မိုးထွန်းမိန့်ခွန်းပြောကြားနေစဉ်။

0 comments:

Post a Comment