Sunday, December 18, 2022

ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံက အထူးစီးပွားရေးဇုန် တည်ဆောက်ရန် စီစဉ်နေ

တရုတ်နိုင်ငံသည် Belt and Road Initiative (BRI) ပိုးလမ်းမကြီး စီမံကိန်းအစီအစဉ်အရ အိန္ဒိယနိုင်ငံ Arunachal ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိနေသည့် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ကြီးမားသည့် အခြေခံအဆောက်အဦ စီမံကိန်း တစ်ခုလုပ်ဆောင်ရန် စီစဉ်လျက်ရှိနေပြီး စီမံကိန်းကို သုံးသပ်လျက်ရှိနေကြောင်း အိန္ဒိယအခြေစိုက်သတင်းများက ဖော်ပြထားသည်။
တရုတ်ကုမ္ပဏီသည် ကချင်ပြည်နယ် လီဒို လမ်းမကြီးတစ်လျှောက်ရှိ မြေဧကပေါင်း ၄၇၀၀ တွင် ကြီးမားသော မြစ်ကြီးနား အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ ထို့ပြင်
မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ကချင်ပြည်နယ် ကန်ပိုက်တီတွင် စီးပွားရေးဇုန် ပူးတွဲတည်ဆောက်ရန် စီစဉ်နေသည်။ တရုတ်ကုမ္မဏီသည် အဆိုပါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင်ရှယ်ယာ ပိုင်ဆိုင်မှု ၈၀ ကချင်ပြည်နယ်အစိုးရက ကျန် ၂၀ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း၊ အိန္ဒိယအခြေစိုက် The Economictimes သတင်းတွင်ဖော်ပြထားသည်။
တရုတ်နိုင်ငံသို့အရေးကြီးသည် ပစ္စည်းများ ပို့ဆောင်နိုင်ရန်အတွက်လီဒိုလမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ပိုးလမ်းမကြီး စီမံကိန်းအစီအစဉ် အစိတ်အပိုင်းအဖြစ် အိန္ဒိယနှင့်ချိတ်ဆက်နိုင်ရန်နှင့် အဆိုပါနေရာကိုမဟာဗျူဟာမြောက်ရွေးချယ်ရှိနေကြောင်း သိရသည်။
လက်ရှိအချိန် ကချင်ပြည်နယ်တွင် ရေအားလျှပ်စစ်၊ သတ္တုတွင်းနှင့် စိုက်ပျိုးရေး စီမံကိန်းများအပါအဝင် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် စီမံကိန်းများရှိနေကြောင်း၊ ကချင်ပြည်နယ်တွင်လုပ်ဆောင်ရန်စီစဉ်နေသည့်အထူးစီးပွားရေးဇုန် စီမံကိန်းသည် တရုတ်နိုင်ငံဖော်ဆောက်ရန် စီစဉ်ထားသည့် (BRI) စီမံကိန်းအစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြ (CMEC) အတွက် အဓိကအရေးပါသော စီပွားရေးဇုန်ဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကအကောင်ထည်ဖော်နေသည့် (BRI) စီမံကိန်းတွင်အဓိကအရေးပါလျက်ရှိနေကြောင်းသိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်လျက်ရှိနေသည့်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံအတွင်းရှိဗျူဟာမြောက် အခြေခံအဆောက်အဦစီမံကိန်းများ လုပ်ဆောင်လျက်ရှိနေကြောင်းသိရသည်။
Ref ,The Economictimes

0 comments:

Post a Comment