Sunday, December 18, 2022

ယနေ့ နံနက်ပိုင်းက မန္တလေး တံတားဦးမြို့အနီး ငလျင်ထပ်မံလှုပ်ခတ်ခဲ့

ယနေ့ နံနက်ပိုင်းအချိန်က မန္တလေးတိုင်း တံတားဦးမြို့အနီးမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုး/ဇလရဲ့ သတင်းများအရ သိရပါတယ်။
ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆နာရီခွဲအချိန်ခန့်က တံတားဦးမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၆မိုင်ခန့်အကွာမှာ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။
အဆိုပါတံတားဦးမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၆မိုင်ခန့်အကွာမှာ လှုပ်ခတ်သွားတဲ့ မြေငလျင်သည် ရစ်(ခ်)တာစကေး ၃.၁အဆင့်ရှိ မြေငလျင် လှုပ်ရှားသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment