Sunday, January 29, 2023

ချက်ရွေးကောက်ပွဲတွင် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးဆောင်နေ

ချက်သမ္မတနိုင်ငံမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတလောင်းကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပက်တာပါဗယ်က ပြိုင်ဘက် ဘီလီယံနာ စီးပွားရေးသမား ဝန်ကြီးချုပ်ဟောင်း အန်ဒရေး ဘားဘိစ်ကို မဲရလဒ်အသာနဲ့ ဦးဆောင်နေပါတယ်။

ပါဗယ်ဟာ မဲပေးခွင့်ရှိတဲ့ ခရိုင်အားလုံးနီးပါးမှာ ဆန္ဒမဲ ရလဒ် ၅၈ ရာခိုင်နှုန်းနဲ့ အထက် ရရှိနေတာကြောင့် လက်ရှိ သမ္မတရွေးကောက်ပွဲကို အနိုင်ရရှိဖို့ သေချာသလောက်ရှိနေတာပါ။ 

မဲရုံတွေ ပိတ်အပြီး နှစ်နာရီမပြည့် ခင်မှာပဲ ပါဗယ်က သူ့ကိုဆန္ဒမဲပေးခဲ့သူတွေနဲ့ မဲရုံကို လာရောက်မဲထည့် ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း ဇန်နဝါရီ ၂၈ ရက်က မဲဆွယ်စည်းရုံးရေးဌာနချုပ် စင်မြင့်ထက်ကနေ ပြောခဲ့ပါတယ်။

 "ဒီလူတွေဟာ ဒီမိုကရေစီအရေးနဲ့ နိုင်ငံမှာဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို ဂရုတစိုက်ရှိကြတယ် ဆိုတာ ရှင်းပါတယ်”လို့ ပါဗယ်က ပြောပါတယ်။

အသက် ၆၁ နှစ်အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပါဗယ်က ပထမဆုံးအကြိမ်အဖြစ် သမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

သူဟာ တသီးပုဂ္ဂအနေနဲ့ မဲဆွယ်စည်းရုံးခဲ့တာဖြစ်ပြီး  ၂၀၂၁ ခုနှစ်၊ ပါလီမန်ရွေးကောက်ပွဲမှာ ဘားဘိစ်ကို ရာထူးအာဏာကနေ ဖြုတ်ချနိုင်ခဲ့တဲ့ ဗဟိုလက်ယာဝါဒီအစိုးရရဲ့ ထောက်ခံမှုကိုလည်း ပါဗယ်က ရရှိထားပါတယ်။ 

လက်ရှိစလိုဗားကီးယားသမ္မတ ဇူဇားနား ကပ်ပူတိုဗာကလည်း အနာဂတ်မှာ ချက်သမ္မတ အဖြစ် တာဝန်ယူတော့မယ့် ပက်တာပါဗယ်ကို မဲဆွယ်စည်းရုံးရေးဌာနချုပ်နေရာမှာ ချီးကျူးဂုဏ်ပြု ခဲ့ပါတယ်။ 


DVB

0 comments:

Post a Comment