Sunday, January 29, 2023

ရုရှားကလာသူအပါအဝင် ပြည်ပကပြန်လာသူ ၂၈ဦးမှာ ကိုဗစ်ပိုးတွေ့

ယခုရက်ပိုင်း ပြည်ပကပြန်လာသူ ၂၈ဦးမှာ ကိုဗစ်ကူးစက်ထားကြောင်းစစ်ဆေးတွေ့ရှိမှုရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။

ဇန်နဝါရီ၂၀ရက်ကနေ ၂၉ရက်အထိ ၁၀ရက်အကြာအတွင်း ထိုင်းနိုင်ငံကပြန်လာသူ၂၀ဦး၊ ထိုင်ဝမ်က ပြန်လာသူ၃ဦး ၊ မလေးရှားကပြန်လာသူ၄ဦး နဲ့ ရုရှားကပြန်လာသူ၁ဦး စုစုပေါင်း ၂၈ဦးမှာ ပြည်ပက ကိုဗစ်ပိုးကူးစက်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ပို့ စစ်ဆေးတွေ့ရှိမှုတွေဟာ ပြီးခဲ့တဲ့၂၀၂၂ခုနှစ် သြဂုတ်နဲ့စက်တင်ဘာလတွေ နဲ့နှိုင်းယှဉ်ပါက အတော်လျော့ကျလာ ကာ လတ်တလောမှာတော့ ပြည်ပပြန်တွေကသာ ရောဂါပိုးစစ်ဆေးတွေ့ရှိနေလို့ ပြည်တွင်း မှာ ပြည်ပက မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ မပြန့်ပွားစေဖို့ သက်ကြီးရွယ် အိုနဲ့ ထိခိုက်လွယ်တဲ့ အုပ်စုတွေဖြစ်တဲ့ နာတာရှည်ရောဂါရှိသူတွေ ကလေးတွေကို ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့နှိုးဆော်ထားသလို အခြေခံပညာကျောင်းတွေမှာ ကလေးတွေကို ကာကွယ်ဆေးလိုက်လံထိုးပေးနေတာတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်များ က ကိုဗစ်ပိုးစစ်ဆေးမှု မတွေ့ရတဲ့နေ့ တွေလည်းရှိနေပြီး ကျန်းမာရေးဌာနရဲ့ ပုံမှန်ထုတ်ပြန်နေ တဲ့ ကိုဗစ်သတင်း ထုတ်ပြန်ချက်မှာ ဇန်နဝါရီ၂၉ရက် အထိထုတ်ပြန်ချက်အရ သံသယရှိတဲ့ ဓာတ်ခွဲနမူနာပေါင်း ၃၁၆၇ ခုမှာ ကိုဗစ်ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသူ ၁ဦးရှိခဲ့တယ်လို့ ဖော်ပြထုတ်ပြန်ထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment