Sunday, January 29, 2023

ယာယီအချုပ်ထောင်တွင် ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့

 

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Churachandpur ခရိုင်ရှိ ယာယီအချုပ်ထောင်မှ မြန်မာနိုင်ငံသား သုံးဦး ထွက်ပြေးသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အိန္ဒိယအာဏာပိုင်များသည် အနည်းဆုံးမြန်မာနိုင်ငံသား ၂၆ ဦးကို အင်ဖာမြို့ရှိ ဗဟိုအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
မဏိပူရပြည်နယ်မှ ရဲကွန်မန်ဒိုများသည် အကျဉ်းထောင်သို့ ကားဖြင့်ရောက်ရှိလာခဲ့ပြီး New Lamka မြို့ရှိ Sadbhavna Mandap ယာယီအချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာဒုက္ခသည်များကို ဘက်စ်ကားဖြင့်ခေါ်ဆောင်ကာ ဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ အကျဉ်းထောင်ဌာနနှင့်နီးစပ်သော သတင်းအရင်းမြစ်များက ပြောသည်။

အဆိုပါ သတင်းအရင်းမြစ်က ရဲတပ်ဖွဲ့ဝင် ၅ဝ ကျော် ပါသောအဖွဲ့တစ်ဖွဲ့သည် ယာယီအချုပ်ထောင်သို့ လာရောက်ခဲ့ ပြီး ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများကို ဗဟိုအကျဉ်းထောင်သို့ ပြန်လွှဲပြောင်း ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကိုလက်ခံရရှိခဲ့ပြီးနောက် အကျဉ်းထောင်အရာရှိများ သည် ယာယီအချုပ်ထောင်ရှိ မြန်မာနိုင်ငံသားအကျဉ်းသား ၂၆ ဦးကို ဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်း ပို့ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Sadbhavna Mandap ယာယီအချုပ်ထောင်တွင် တစ်လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် မြန်မာနိုင်ငံ သား အနည်းဆုံး ၅၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အများစုက အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံရပြီး ယာယီအချုပ်ထောင်ထဲတွင် ထိန်းသိမ်းခံရခြင်းဖြစ်ကာ ၎င်းတို့အပေါ် စွဲဆိုထားသောအမှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။


NP News

0 comments:

Post a Comment