Sunday, January 29, 2023

ဘုရားသုံးဆူမြို့တွင် မြေစာရင်းရုံးနှင့်မြန်မာ့ဆက်သွယ်ရေးရုံးတို့ထပ်မံမီးရှို့ခံရ

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာရုံး ၂ ရုံးအား KNU နှင့် PDF အဖွဲ့ဝင်များကထပ်မံ မီးရှို့ဖျက်ဆီးခဲ့​ကြောင်းဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက နစက ကထုတ်ပြန်ခဲ့သည်။
ယင်းနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က KNU နှင့် PDF အဖွဲ့ဝင်များသည် ဘုရားသုံးဆူမြို့၊အမှတ် (၃)ရပ်ကွက်၊မြို့မဈေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးအားဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြသည်။
မီးလောင်မှုကြောင့် ဌာနဆိုင်ရာရုံးအတွင်းရှိ ၁ ထပ်၊သွပ်မိုးအုတ်ညှပ်အဆောက်အဦး ၁ လုံး၊ သွပ်မိုးပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံးနှင့်မြေ စာရင်းရုံးနှင့်ကပ်လျက်ရှိသည့် မြန်မာ့ဆက်သွယ်ရေးရုံးအတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများထားသော သွပ်မိုး/အုပ်ညှပ်အဆောက်အဦး၏ အခန်း ၁ ခန်းတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု နစက ကထုတ်ပြန်ထားသည်။
ဘုရားသုံးဆူမြို့ရှိ လဝကရုံး၊ ထွေအုပ်ရုံး၊ စည်ပင်ရုံး၊ စရဖ ရုံးနှင့် သစ်တောရုံးတို့ကိုလည်း PDf အဖွဲ့ဝင်များက ဇန်နဝါရီ ၂၃ ရက်ညပိုင်းတွင်လည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့​သေးသည်။




Popular

0 comments:

Post a Comment