Sunday, January 29, 2023

NLD အစိုးရလက်ထက် YP ဓာတ်ဆီဆိုင်တွေဖွင့်ဖို့ ငှားထားတဲ့မြေ ၆ ကွက် စည်ပင်ပြန်သိမ်း

Yangon Petrol (YP)စက်သုံးဆီဆိုင်ကို ဆီအရောင်းဆိုင်ဖွင့်ဖို့   ငှားရမ်းထားတဲ့ မြေကွက် ၆ ကွက် နဲ့၊မြေ ၇၅ ဧကကျော်ကို စည်ပင်က ပြန်သိမ်းလိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ပြန်လည်သိမ်းဆည်းလိုက်သောမြေတွေကတော့ သင်္ဃန်းကျွန်းမြို့နယ်မှ မြေ ၁ကွက် ၊  ဒဂုံမြို့သစ် တောင်ပိုင်းမှ မြေနှစ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှ တစ်ကွက်၊ ဒလမြို့မှတစ်ကွက်နှင့် မရမ်းကုန်းမြို့နယ်မှ မြေ တစ်ကွက်ကို ပြန်လည် သိမ်းလိုက်တာလို့ ဇန်နဝါရီ ၂၉ ရက်နေ့က နိုင်ငံပိုင်သတင်းစာနေ စည်ပင် ကြေညာတာပါ။

စည်ပင်ရဲ့ ထုတ်ပြန်ချက်မှာတော့  မရမ်းကုန်းမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ် (၁၂+၁၇+၁၈)၊ မြေကွက်အမှတ်(၁၃/က)၊ ဂရန်စာအုပ်အမှတ် - A 0035310 A ၊ ဧရိယာ ၃ ဒသမ ၇၁၄ ဧက နဲ့ သင်္ဃန်းကျွန်းမြို့နယ်မြေတိုင်းရပ်ကွက် အမှတ် (၂၃/ သုဝဏ္ဏ)၊ မြေကွက်အမှတ်(၂/အေ)၊ ဂရန် စာအုပ်အမှတ် - A 0035148 A ၊ ဧရိယာ သုည ဒသမ ၆၉၉ ဧက၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁/တိုးချဲ့)၊ မြေကွက် အမှတ် (၆၁၃)၊ ဂရန်စာအုပ်အမှတ်- A 0038147 A၊ ဧရိယာ ၄ ဒသမ ၉၄၁ ဧက၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁၇)၊ မြေကွက် အမှတ်(၁/က)၊ ဂရန်စာအုပ်အမှတ်- A 0039600 A ၊ ဧရိယာ သုည ဒသမ ၇၅၂ ဧက၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ မြေတိုင်းရပ်ကွက် (၆၂)၊ မြေကွက် အမှတ်(၁)၊ ဂရန်စာအုပ်အမှတ်- A 0037058 A၊ ဧရိယာ ၆၃ ဒသမ ၈၉၅ ဧကနှင့်  ဒလမြို့နယ်၊ မြေတိုင်းရပ်ကွက်(၃)၊ မြေကွက်အမှတ် (၁၄၂၄)၊ ဂရန် စာအုပ်အမှတ်- A 0041013 A၊ ဧရိယာ ၁ ဒသမ ၄၁၅ ဧကကိုလည်း ဂရန်ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီထုတ်ပြန်ချက်မှာတော့ YP ကိုငှားထားတဲ့မြေတွေကို ဘာကြောင့်ဂရန်ပြန်လည်ပယ်ဖျက်တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

 အဆိုပါ Yangon Petro   စက်သုံးဆီအရောင်းဆိုင်မြေနေရာများအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ရန်ကုန်တိုင်းဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ်(၆၀)မြေဌားစာချုပ်(ဂရမ်)ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပါတယ်။


MyanmaPlatform

0 comments:

Post a Comment