Sunday, January 29, 2023

ထိုင်းမှာ ကလေးငယ်တွေ အပါအဝင် မြန်မာ ၉၄ ဦး ဖမ်းဆီးခံရပြန်

ထိုင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ကလေးငယ်တွေအပါအဝင် မြန်မာ ၉၄ ဦး ကိုဖမ်းဆီးလိုက်တယ်လို့ ထိုင်းတပ်မတော်ပြည်သူ့ဆက်ဆံရေးဌာနက ဖော်ပြ ထားပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်ခရိုင်နှင့် နယ်ချင်းထိစပ်နေသည့်ထိုင်းနိုင်ငံ၊ကန် ချနာဘူရီခရိုင် အတွင်းသို့ နယ်စပ်တောလမ်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာတဲ့ ကလေးငယ် ၉ ဦးအပါအဝင် မြန်မာနိုင်ငံသား ၉၄ ဦးနဲ့ ပွဲစား ၁ ဦးတို့ကို ဖမ်းဆီးမိတာလို့ ဖော်ပြထားပါ တယ်။

ယင်းတို့သည် ပွဲစားခအဖြစ် ၁ ဦးကို ဘတ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ကြားပေးခဲ့ရပြီး ရန်ကုန်၊ ပဲခူး၊ရခိုင်နှင့် မော်လမြိုင်တို့က လာရောက်ကြသူတွေဖြစ်တယ်လို့လည်း ထွက်ဆို ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့မြန်မာတွေကထိုင်းနိုင်ငံစမွတ်စခေါင်၊ရယောင်း၊ကန်ကျနဘုရီနဲ့ဘန်ကောက်မြို့ တို့ကို  သွားရောက်ကြမှာဖြစ်တယ်လို့လည်း ယင်းတို့ ထွက်ဆိုကြတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ဖမ်းမိတဲ့ မြန်မာတွေကို ကန်ချနာဘူရီရဲစခန်းတွင် ထိန်းသိမ်းထားပြီးဥပဒေအရ ဆောင်ရွက်ရန်စီစဉ်နေတယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment