Sunday, January 29, 2023

ဘိုကလေးမြို့မှာ သူနာပြုဆရာမ တစ်ဦးအပါအဝင် လူငယ် ၁၀ ဦးအကြမ်းဖက်ဥဒေဖြင့်အမှုဖွင့်ခံရ

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်မှာသူနာပြုဆရာမတစ်ဦးအပါအဝင် လူငယ် ၁၀ ဦးကို အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဖမ်းဆီးအမှုဖွင့်လှစ်ခံရတဲ့ သူနာပြုဆရာမလေးအပါ အဝင်လူငယ် ၁၀ ဦးမှာ အကြမ်း ဖက်မှုအဖွဲ့အစည်း တွေနဲ့ ပတ်သက်ဆက်နွယ်နေတာကြောင့်ဆိုကာ ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီ ၁၃ ရက်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"အကြမ်းဖက် ဥပဒေဖြင့်အမှုဖွင့်ခံရသူတွေမှာဘိုကလေးမြို့ပြည်သူ့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြု ဆရာမ မဆုလတ်မွန်နဲ့ ဒေသခံလူငယ် များဖြစ်တဲ့ လူငယ် မောင်ထွေးလွင် ၊ မောင်သော်တာ စန်း၊ ဦးဂိန် ၊မောင်ထက်ထက်နဲ့ အျခား ၆ ဦးတို့ဖြစ်ပြီးသူတို့တွေ ဟာ အကြမ်းဖက် အဖွဲ့အစည်းများတွေနဲ့ ဆက်နွယ်ပတ်သက်တာမရှိဘူး"လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။

''ဘိုကလေးရဲစခန်းက ဖမ်းပါတာ အခု အဖမ်းခံရသူတွေက အကြမ်းဖက် အဖွဲ့အစည်း တွေနဲ့ ဆက်နွယ် ပတ်သက်တာမရှိပါဘူး ၊ အကြမ်းဖက် မှု လုပ်ရပ်တွေကိုလည်း လုပ်မယ့် အထဲမှာ မပါပါဘူး၊ဆရာမလေးဆို တာဝန်ထမ်းဆောင် နေရင်း အဖမ်းခံရ တာ ၊ မနေ့က အမှုဖွင့်တယ်လို့ သိရတယ် ၊ အကြမ်းဖက်အဖွဲ့ အစည်း တွေနဲ့ ပတ်သက်လို့ ဆိုပြီး အဖမ်းခံရတာ ၊ လူငယ်တွေ အတွက် စိတ်မကောင်းဘူး။'' လို့ သူက ဆက်ပြောပါတယ်။

အခုလို ဖမ်းဆီး အမှုဖွင့်ခံရသည့် သူနာပြုဆရာမလေးအပါအဝင် လူငယ်တွေဟာ အသက် ၁၉ နှစ်မှ ၂၅ နှစ် ဝန်းကျင်အရွယ်တွေဖြစ်ပြီသူတို့ကို အမှုဖွင့်လိုက်ပြီ ဖြစ်တာကြောင့် တရားစွဲဆိုပြီးကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်မှာကို မိသားစုတွေကစိုးရိမ်နေကြတယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment