မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံက ချင်းမိုင်မြို့ဟာ အရှေ့တောင်အာရှမှာ အလုံခြုံဆုံးမြို့ဖြစ်ပြီး ရန်ကုန်ကတော့ သုံးနှစ်အတွင်း ရာဇဝတ်မှု ဖြစ်ပွားနှုန်း ၆၇% ကျော် မြင့်တက်လာတယ်လို့ ၂၀၂၃ အတွက် ရာဇဝတ်မှုနဲ့လုံခြုံမှု ညွှန်းကိန်းက ဖော်ပြလိုက်ပါတယ်။
ချင်းမိုင်ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၃၂ နိုင်ငံမြောက် အလုံခြုံဆုံးမြို့ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူ တစ်ယောက်က ပြောတဲ့အကြောင်း မနေ့ကထုတ်တဲ့ Bangkok Post သတင်းက ဖော်ပြပါတယ်။
ချင်းမိုင်မှာ နေ့နေ့ညည တစ်ယောက်တည်း လမ်းလျှောက်နိုင်တယ်လို့ ညွှန်းကိန်းကဆိုပါတယ်။ ရန်ကုန်မှာ ညဘက်တစ်ယောက်တည်းလမ်းလျှောက်ရင် ၆၉ % ကျော်နဲ့ နေ့ဘက်ဆို ၄၃ % ကျော် စိတ်မချရဘူးလို့ ညွှန်းကိန်းက ဖော်ပြပါတယ်။
ဘန်ကောက်မြို့တော်ဟာ ကမ္ဘာမှာ ၁၇၀ မြောက်အလုံခြုံဆုံးဖြစ်ပြီး အရှေ့တောင်အာရှမှာ သတ္တမမြောက် အလုံခြုံဆုံး ဖြစ်ပါတယ်။
ကမ္ဘာမှာ ဗင်နီဇွဲလားနိုင်ငံ Caracas မြို့က လုံခြုံမှုအကင်းမဲ့ဆုံးမြို့ဖြစ်ပါတယ်။
----------------
Photo:AFP
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မြင်ကွင်းများ
RFA
0 comments:
Post a Comment