Sunday, January 29, 2023

အင်အားအနည်းငယ်ရှိမြေငလျင် သရက်မြို့အား ဗဟိုပြု၍လှုပ်ခတ်သွား

 

မကွေးတိုင်း၊သရက်မြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ဇန်နဝါရီ ၃၀ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ယနေ့နံနက် ၉ နာရီ ၅၇ မိနစ် ၂၃ စက္ကန့်တွင် သရက်မြို့၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၁၉ ဒသမ ၃၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၁၀)ဒီဂရီ၊အနက် (၆၁)ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။
"လှုပ်သွားတယ်ဆိုရုံပေါ့ ကျွန်တော်က ရုံးမှာထိုင်နေတဲ့အချိန်ဆိုတော့ ရုတ်တရက် လူကယိုင်သွားတယ် ဒီလောက်ပါပဲ အဲဒီမှာ ငလျင်လှုပ်တယ်ဆိုတာသိလိုက်တာ"ဟု သရက်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဇန်နဝါရီ ၂၇ ရက်မွန်းတည့် ၁၂ နာရီ ၂၁ မိနစ် ၃၁ စက္ကန့်ကလည်း တမူးမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

Popular

0 comments:

Post a Comment