Monday, January 30, 2023

ဧရာဝတီတိုင်းမှာ အိမ်ဆောက်အုတ်လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာ

ဧရာဝတီတိုင်းမှာ အိမ်ဆောက်အုတ်တွေ ဝယ်ယူအသုံးပြု သူနည်းပါးလာခြင်းကြောင့် အုတ်ထုတ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာတယ် လို့အုတ်လုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူတွေ ဆီကေန သိရပါတယ်။

အိမ်ဆောက် လုပ်ငန်းတွေမှာ လုပ်ကိုင်ရမှုကျဆင်းလာ သည်မှာ ၂ နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး လက်ရှိမှာလည်း ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းနဲ့ စီးပွားရေးကျဆင်း လာတဲ့ အခြေအနေတွေကြောင့် လုပ်ငန်းတွေမလုပ်ရကာ တစ်ရက်နဲ့ တစ်ရက်ရှေ့ဆက်ရပ်တည်ဖို့ အခြေအနေ ပိုဆိုးဝါးလာတယ်လို့ ပုသိမ်မြို့နယ် ငါးသိုင်းချောင်းမြို့ကအိမ်ဆောက်အုတ်လုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူ ကိုရွှေသန်းကပြောပါတယ်။

"အိမ်ဆောက်အုတ် လုပ်တဲ့ လုပ်ငန်းကတော့ လုပ်သာ လုပ်နေရတာပါ အခြေနေကတော့လုံး ဝမကောင်းဘူး ၊  အခုဆိုရင် ၂ နှစ်ကျော် လောက်ရှိပြီ လို့ပြောရတယ် ၊ လူတွေ အသုံးပြုမှုနည်း လာတယ် ၊ အသုံးပြုတာ နည်းလာတဲ့အဓိက အကြောင်းအရင်းက ငွေကြေးရှားပါးလာတာကြောင့်ပါ ၊ပြီးခဲ့တဲ့ တစ်နှစ် လုံးနေလို့တောင် အိမ်ဆောက် အုတ်က ဘယ်လောက်မှ မရောင်းရပါဘူး၊ ပြီးတော့ နိုင်ငံရေး အခြေနေတွေကလည်း မကောင်းဘူး ၊စီးပွားရေးတွေက ကျဆင်းနေတာ ၊ အသစ်ဆောက် တဲ့သူက မရှိသလောက်ကို နည်းပါးနေတာ ၊ ဒါ့အပြင် တင်းကျပ်ထားတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် လည်း သယ်ရ ယူရတာတွေ ကအဆင် မပြေတော့ လုပ်ငန်း လည်းပိုပိုပြီး အကျဘက်ရောက်လာတာပေါ့"လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီ အိမ်ဆောက်အုတ် လုပ်ငန်းတွေကို ပန်းတနော် ၊ မအူပင် ၊ ပုသိမ် ၊ ငါးသိုင်းချောင်း ၊ဘိုကေလး ၊ကျိုက်လတ် ၊ မော်လမြိုင်ကျွန်းစတဲ့ မြို့နယ်တွေမှာအများဆုံး လုပ်ကိုင်ကြတယ်လို့သိရပြီး အိမ်ဆောက်လုပ်တဲ့ လုပ်ငန်း တွေမှာ ယခုအခါ တစ်နှစ်နဲ့ တစ်နှစ်လုပ်ငန်းကို လုပ်ကိုင် ရတာနည်းပါးလာပြီး နောက်ပိုင်း နှစ်ကာလတွေမှာ အိမ် ဆောက် အုတ်လုပ်ငန်းတွေမှာ လုပ်ကိုင်ရတာလုံးဝရပ်နားသွားနိုင်တယ်လို့သိရပြီး အိမ်ဆောက်အုတ် လုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း စီးပွားရေးကျပ်တည်းလာ စားဝတ်နေရေးတွေလည်း အခက် အခဲများဖြစ်ပွားလာ နိုင်တယ်လို့ အိမ်ဆောက်အုတ် ရောင်းဝယ်ရေး လုပ်ငန်းရှင်တင်ထွဋ် ကပြောပါတယ်။

"အခုက ဒေသတွင်းမှာပဲ နည်းနည်းပါးပါးလောက်ပဲ လာဝယ်တာတွေရှိတော့တယ် ၊ သူတို့လည်းအမြဲ လာမဝယ်ပါဘူး ၊ အရင်လို ဖောက်သည်တွေလည်းမရှိ တော့ဘူး ၊လုံးဝ မရောင်းရတဲ့ရက်တွေလည်းရှိတယ် ၊အရောင်းအဝယ်တွေက ကျဆင်းနေတဲ့အခါကျတော့ဒီလုပ်ငန်းကို အစဉ်တစိုက်လုပ်နေပေမဲ့လည်း အခု အရင်လို စိတ်ဝင် တစားမရှိကြတော့ဘူး၊ ခုဆို အိမ်ဆောက်အုပ်ရိုက်တဲ့ လုပ်သားတွေလည်း သိပ်မရှိတော့ဘူး ၊ အရင်က ထက်နည်း သွားပြီ၊ နောက်ဆို ဒီလုပ်ငန်းက လုံးဝတောင် ရပ်သွားရမလား မသိဘူး"လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီအိမ်ဆောက်အုတ် လုပ်ငန်းဟာ ဧရာဝတီတိုင်းမှာ ဒေသထွက်ကုန် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး အရင်ကရန်ကုန် ၊ နေပြည်တော် စသတဲ့ ဒေသတွေကအများဆုံးမှာ ယူကြတယ်လို့သိရပြီး လက်ရှိမှာမှာယူမှုမရှိတော့ဘူးလို့သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment