Friday, January 27, 2023

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုကို ထပ်မံအတည်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၄,၃၀၀ ကျော် ဖန်တီးပေးနိုင်မည်

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကျပ်ခြောက်ဘီလျံနှင့် ဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုကို ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၄,၃၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျပ်ခြောက်ဘီလျံတန်ဖိုးရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် ဒေါ်လာ ၁၀ ဒသမ ၅၅၄ သန်း တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉ ခု စုစုပေါင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ အတည်ပြုပေးခဲ့သည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုမှ ပြည်တွင်းရှိ အလုပ်သမားများဦးရေ ၄,၃၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများက တင်ပြလာသည့် အထွေထွေကိစ္စရပ်များနှင့် မတည်ငွေရင်းပမာဏ ဒေါ်လာ ၁ ဒသမ ၇ သန်း တိုးမြှင့်ခွင့်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment