Sunday, October 4, 2015

လှိုင်သာယာရွှေဆိုင်မှ ရွှေချိန် တစ်ပိဿာကျော် ဖောက်ထွင်းခဲ့သူကို ဖမ်းမိ

ရွှေထည်ပစ္စည်းများနှင့်အတူ တွေ့ရသည့်ကျော်မျိုးနိုင် (ဓာတ်ပုံ − လှိုင်သာယာရဲစခန်း)

လှိုင်သာယာမြို့နယ် အမှတ် (၇) ရပ်ကွက် ဗိုလ်အောင် ကျော်လမ်းတွင် ဖွင့်လှစ်ထား သော ရွှေဆိုင်မှ ရွှေချိန်တစ်ပိဿာကျော် ဖောက်ထွင်းခိုးယူသွားသူ ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။
အောက်တိုဘာ ၃ ရက် နံနက်၇ နာရီအချိန်တွင် ရွှေဆိုင်ဖွင့်ရန် အတွက် ဆိုင်ပိုင်ရှင်က ပြင်ဆင် နေစဉ် ရွှေဆိုင်၌ ကာရံထားသည့် သံချောင်းပြုတ်ထွက်နေ၍ ဆိုင်အတွင်းဝင်ရောက်ကြည့်ရှုရာ၌ အလေးချိန်မျိုးစုံ ရွှေထည်ပစ္စည်း ၁ ပိဿာ ၃၀ ကျပ်သားကျော် ပျောက်ဆုံးနေသည့်အတွက် လှိုင်သာယာရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းမြင့်ဦးက ပြောသည်။‘‘မနက် ၈ နာရီလောက်မှာ ရဲစခန်းကနေပြီး အဖွဲ့စုံနဲ့သွားစစ် တယ်။ ဆိုင်မှာတပ်ထားတဲ့ လုံခြုံ ရေးကင်မရာကိုစစ်ကြည့်လိုက် တော့ ဒီလမ်းက ရွှေဆိုင်တွေ ရွှေ အမှိုက်ထုတ်တဲ့ ကျော်မျိုးနိုင်ကို သွားတွေ့တယ်။ လိုက်ရှာတာ ညနေ ၄ နာရီလောက်မှာ ရွှေပြည် သာမှာမိတယ်’’ဟု ၎င်းက ပြော သည်။

ပြစ်မှုကျူးလွန်သူမှာ လှိုင် သာယာမြို့နယ် ၁၂ ရပ်ကွက်တွင် နေထိုင်သူ ကျော်မျိုးနိုင်ဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် အောက်တိုဘာ ၃ ရက် ညနေက ဖမ်းဆီးရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

‘‘လောလောဆယ်ခိုးယူသွား တဲ့ ရွှေထည်ပစ္စည်းတန်ဖိုးက တော့ ကာလတန်ဖိုးသိန်းပေါင်း ၉၆၀ ကျော်လောက်ရှိပါတယ်။ အလေးချိန်ဆိုဒ် စုံဆွဲကြိုး ၁၆၉ ကုံးယူဆောင်သွားပေမယ့် လက် ရှိ ၁၅၉ ကုံးပြန်လည်သိမ်းဆည်း နိုင်ခဲ့ပါတယ်။ ကျန်တာတွေတော့ ဆက်လက်စစ်ဆေးနေတုန်းပါပဲ’’ ဟု ရဲမှူးသန်းမြင့်ဦးက ပြောသည်။ခိုးမှုကျူးလွန်သူ ကျော်မျိုး နိုင် အသက် (၁၉) နှစ်ကို လှိုင်သာ ယာရဲစခန်းက ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် ဆက်လက်စစ်ဆေး နေကြောင်း သိရသည်။

7Day Daily

0 comments:

Post a Comment