ရခိုင်ပြည်နယ်စစ်တွေ မြို့နယ်တွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတုပြုလုပ်ကာ စီးပွားရေးဘဏ်၌ ငွေလာလဲသည့် ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၅၅ရွက်ဖြင့် စက်တင်ဘာ ၂၂ ရက် နံနက် ၁၀နာရီကျော်တွင်စစ်တွေမြို့နယ်၌ ဖွင့်လှစ်ထားသည့် စီးပွားရေးဘဏ်သို့ ငွေကြေးလာလဲရာမှ ဘဏ်ဝန်ထမ်းမှ အကြောင်းကြားသဖြင့် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ကြောင်း စစ်တွေရဲစ ခန်းမှ ရဲအုပ်အေးခင်မောင်က ပြောသည်။‘‘ဘုန်းကြီးက တစ်သောင်း တန်တွေပေးပြီး အလှူလုပ်ချင်လို့ အကြွေလဲပေးဖို့ပြောတယ်။ ဘဏ် ၀န်ထမ်းကလည်း ရပါတယ်ဆိုပြီး လဲပေးတယ်။ ဒါပေမဲ့ ဘုန်းကြီးပုံ စံက မတည်မငြိမ်ဖြစ်နေတော့ ဘဏ်ဝန်ထမ်းက ငွေတွေကို စစ် ကြည့်လိုက်တော့ အတုတွေဖြစ် နေတယ်။ စစ်ဆေးတဲ့အခါမှာ လည်း ၀န်ခံပါတယ်’’ဟု ရဲအုပ် အေးခင်မောင်ကပြောသည်။
ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ကျပ်တစ်ထောင်တန်ဆယ်သိန်း၊ ကျပ်ငါးထောင်တန်ငါးသိန်း လာရောက်လဲလှယ်စဉ်ဖမ်းဆီးခံရခြင်းဖြစ်ပြီး ငွေစက္ကူအတုပြုလုပ်သူ ဘုန်းကြီးမှာသက်တော်(၂၆) နှစ် ၀ါတော် (၆) ၀ါရှိဦးဓမ္မိကခေါ် ရွှေတင်ဝင်းဖြစ်ကာစစ်တွေမြို့နယ် ပုဏ္ဏားကျွန်းမြို့ကျောင်းတိုက်တစ်ခုတွင်သီတင်းသုံးသူဖြစ်ကြောင်းသိရသည်။
ငွေစက္ကူကျပ်တစ်သောင်းတန်ပြုလုပ်သည့် ဦးဓမ္မိက(ခေါ်)ရွှေတင်ဝင်းကို ဆက်လက်စစ်ဆေးရာ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့်ကွန်ပျူတာစက္ကူဖြတ်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။
7Day Daily
Sunday, October 4, 2015
စစ်တွေတွင် ကျပ်တစ်သောင်းတန်အတု ပြုလုပ်သည့် ဘုန်းကြီးတစ်ပါးကို အရေးယူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment