Wednesday, April 18, 2018

သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှ ထူးခြားချက်များ



နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား (မိန့်ခွန်း)တွင် ဝန်ထမ်းများ၏ နေထိုင်ရေးနှင့် လစာ တိုးမြှင့်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ယိမ်း ယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်ရေး၊ ဌာနဆိုင်ရာ အများစု၏ စွဲကပ်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တို့ကို ထည့်သွင်းပြောကြားသည်။
သမ္မတနှုတ်ခွန်းဆက်စကား နှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးသန်း စိုးနိုင်က ‘‘ပြည်သူလူထုက ဖြစ် စေချင်တဲ့ မျှော်လင့်ချက်တွေနဲ့ အတော်လေးကိုက်ညီတဲ့ အစီ အစဉ်တွေ ဖြစ်တယ်လို့ ယေဘု ယျအားဖြင့် ပြောပါရစေ။ လက် တွေ့အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ ဦးစားပေးမှု အစီ အစဉ်က ကောင်းပါတယ်။ တရား ဥပဒေစိုးမိုးရေးနဲ့ပြည်သူလူထု လူ နေမှုဘဝ မြှင့်တင်ရေးကို ဦးစား ပေးတာကောင်းပါတယ်။ ဒါပေမဲ့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ပြဿနာကို လက်ကျန်သုံးနှစ်မှာ အကောင်အထည်ဖော်ဖို့ စိန်ခေါ်မှုအများကြီးရှိတယ်လို့ ကျွန်တော် တို့က မြင်ပါတယ်’’ဟုသုံးသပ်သည်။

နေအိမ်မရှိသည့် ပြည်သူများ၏ဒုက္ခ

နေအိမ်မရှိ၍ ဖြစ်သလိုနေ ထိုင်ရသည့် ပြည်သူများ၏ ဒုက္ခများကို သတိပြုမိကြောင်း သမ္မတက ပြောသည်။ အလားတူ ပြည်သူ့ဝန်ထမ်းများ တာဝန်ထမ်း ဆောင်စဉ်ကာလတွင် ဝန်ထမ်း အိမ်ရာမရှိ၍ အခက်အခဲဖြစ်နေ သူများရှိသကဲ့သို့ အငြိမ်းစားယူ ချိန်တွင်လည်း နေထိုင်စရာ အိမ် မရှိ၍ အတိဒုက္ခရောက်ရသည့် ဝန်ထမ်းများစွာ ရှိနေသည်ကို သတိပြုမိကြောင်း သမ္မတက ပြောသည်။ ‘‘ ဒါကြောင့်မို့လို့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဝန်ထမ်းတွေ အငြိမ်းစားယူသွား ချိန်မှာ ကိုယ်ပိုင်နေအိမ်၊ ကိုယ်ပိုင် တိုက်ခန်းများနဲ့ သိက္ခာရှိရှိ နေ သွားနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်’’ ဟု ပြောသည်။

အစိုးရသစ်လက်ထက်တွင် ပြီးခဲ့သည့် ၂ နှစ်အတွင်း ဝန်ထမ်းများအတွက် တိုင်းဒေသ ကြီး၊ ပြည်နယ်အသီးသီးတွင် ဝန် ထမ်းအိမ်ရာ ၄,၆၂၇ ခန်း တည် ဆောက်ပေးနိုင်ခဲ့သည်။ ကျန် သုံး နှစ်ကာလ၌လည်း အခန်း ၇,၀၀၀ ကျော်ကို ဝန်ထမ်းအိမ်ရာအဖြစ် တည်ဆောက်ရန် စီမံထားရှိပြီးဖြစ်ကြောင်းလည်း ပြောသည်။ အဆိုပါအစီအစဉ်ကို တိုးချဲ့ခြင်းအားဖြင့် လာမည့်နှစ်များအတွင်း အခန်း တစ်သောင်းကျော် တည်ဆောက်ပြီး ဝန်ထမ်းများအတွက် လစဉ်အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချမည်ဟု ဆိုသည်။

အံမဝင်ခွင်မကျသည့် နေရာများ လူစားလဲသင့်ကလဲမည်

သမ္မတဦးဝင်းမြင့်က ပြုပြင် ပြောင်းလဲမှုနှင့် အံမဝင်ခွင်မကျ သည့်နေရာများတွင် သွက်လက် ထက်မြက်ပြီး အရည်အသွေးရှိ သည့် လူစားလဲမှုများကို လုပ်သင့် ပါက ပြုလုပ်ရမည်ဖြစ်ကြောင်း သတိပေးသည်။

‘‘အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဖက်ဒရယ် ပြည်ထောင်စု အုပ်ချုပ်ရေးစနစ် အတွက် ကြိုတင်စီမံဆောင်ရွက် တဲ့အနေနဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေရဲ့ တင်ပြချက်တွေကို အခြေ ခံပြီး ပြောင်းလဲသင့်တာတွေ ပြောင်းလဲဖို့လည်းရှိပါတယ် ’’ဟု သမ္မတက ပြောသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ က လူ့အခွင့်အရေး ချိုးဖောက်မှု များ မြှင့်တင်ကာကွယ်ပေးရေး၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရေး၊ ဥပဒေမဲ့ သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိ ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးနှင့် ကျောင်းသား လူငယ်များ အဆင့်မြင့်ပညာရပ် များ ဆည်းပူးခွင့်ရရှိရေးတို့ကို အလေးထား ဆောင်ရွက်မည်ဟု ပြောကြားသည်။

‘‘ပြည်ထောင်စုအစိုးရ ရှေ့ ဆက်လက်လျှောက်လှမ်းမယ့် ပြုပြင်ပြောင်းလဲရေးကို အချုပ် အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ် တဲ့ ပြည်သူလူထုနဲ့ နီးစပ်တဲ့ အောက်ခြေက စတင်မှာဖြစ်ပါ တယ်။ ပြည်သူနဲ့အတူ စုပေါင်း အင်အားဆိုတဲ့ သဘောတရားနဲ့ ပြုပြင်ပြောင်းလဲရေးကို ချဉ်းကပ် ရမှာဖြစ်ပါတယ်’’

ဝန်ထမ်းများလစာတိုးမည်

ထို့အပြင် အမှုထမ်းအားလုံး ၏ လစာကို ၂၀ ရာခိုင်နှုန်းတိုးမြှင့် မည်ဖြစ်ပြီး အရာထမ်းလစာကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် အစိုးရအဖွဲ့က စီစဉ်တွက်ချက်ပြီး ဖြစ်ကြောင်းလည်း ပြောသည်။ သို့သော် ယင်းသို့ ဝန်ထမ်း များ၏ လစာ စတင်တိုးမြှင့်မည့် အချိန်ကို ထည့်သွင်းပြောကြား ခြင်းမရှိပေ။

‘‘နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေအတွက် ယခုလို စီမံ ဆောင်ရွက်ပေးမှုကို တုံ့ပြန်သော အားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ထမ်းတွေကလည်း တာဝန်ယူ မှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးသတိပြုစေလိုပါတယ်’’ဟု သမ္မတက တိုက်တွန်းသည်။

ထိုအပြင်‘‘ဌာနဆိုင်ရာ အတော်များ များရဲ့ ဓလေ့သဖွယ် စွဲကပ်နေတဲ့ အဂတိလိုက်စားမ တွေကို ပိုမိုတိုက်ဖျက်ရာမှာ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်အခွင့် အရေးနဲ့ တာဝန်ကိုဘက်ညီမျှတ အောင် ပြန်လည်သုံးသပ်ပြီး ဌာဆိုင်ရာ တစ်ခုချင်းက တာဝန်ခံပြီးအသီးသီးဆောင်ရွက်ကြရပါလိမ့်မယ်’’ဟု ပြောသည်။

လျှပ်စစ်မီး တိုးမြှင့်မည်၊လမ်းသစ်ဖောက်မည်

လျှပ်စစ်မီး တိုးမြှင့်ရရှိရေး လက်ရှိထုတ်လုပ်မှု မဂ္ဂါဝပ် ၃,၀၀၀မှ လာမည့်သုံးနှစ် အတွင်း မဂ္ဂါဝပ် ၃,၀၀၀ ထပ်မံ တိုးမြှင့်၍ စုစုပေါင်း မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်မည် ဖြစ်ကြောင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး တွင် လက်ရှိ သုံးစွဲနေသည့် ၂၃၀ ကေဗီလိုင်းအပြင် နောက်ထပ် ၅၀၀ ကေဗီလိုင်းကို လာမည့် သုံးနှစ်အတွင်း တိုးချဲ့ဖြန့်ဖြူးပေး မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောသည်။

ထို့အပြင် လာမည့် တစ်နှစ် အတွင်း လမ်းမကြီး အတွက် မိုင် ပေါင်း ၁၀၀ အသစ်ဖောက် လုပ်မည် ဖြစ်ပြီး လက်ရှိအသုံးပြု နေသည့် ကျောက်လမ်းများထဲမှ မိုင်၂၀၀ကို ကတ္တရာခင်းခြင်း (သို့မဟုတ်) ကွန်ကရစ်ခင်းခြင်း ပြုလုပ်ပေးမည်ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းနောက် ကျေးလက် လမ်းမိုင် ၆၀၀ ခန့်ကို အသစ် ဖောက်လုပ်ပေးမည်ဖြစ်ပြီး လက် ရှိအသုံးပြုနေသည့် ကျေးလက် လမ်းထဲမှ မိုင် ၁,၀၀၀ ခန့်ကို ကွန်ကရစ် (သို့မဟုတ်) ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်ခင်းပေး မည်ဖြစ်ကြောင်း ပြောသည်။

ယိမ်းယိုင်နေသည့် တရားစီရင် ရေးတည့်မတ်ရန်

သမ္မတသည် သင်္ကြန်မတိုင်မီအဂတိတိုက် ဖျက်ရေးကော်မရှင်၊ပြည်ထောင်စုတရားသူကြီးချုပ်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ လူ့အခွင့်အရေးကော်မရှင်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး အထက်ပါမိန့်ခွန်း တွင် ယင်းအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အကြောင်းအရာများ ထည့်သွင်းပြောကြားသည်။

တရားစီရင်ရေးကဏ္ဍ ချက်ချင်းပြောင်းလဲမှုရှိ၊ မရှိ စောင့်ကြည့်ရမည် ဖြစ်သော် လည်း အဂတိတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အလေးထားဆောင် ရွက်လာသည်ကို တွေ့ရကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူဦးမင်း တင်က သုံးသပ်သည်။

သမ္မတ၏ အထက်ပါ မိန့်ခွန်းသည် ခွန်အားရှိသည့် (သို့မဟုတ်) ခွန်အားပါသည့် မိန့်ခွန်းတစ်ရပ် ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။

ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြှင့်တင်ကာ ကွယ်ပေးနိုင်ရန်အစိုးရအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီ ယာများ၊ ပြည်သူများနှင့် ပူးပေါင်း ၍ အရှိန်အဟုန်မြှင့်တင်ဖော် ဆောင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ သားများ၏ မူလအခွင့်အရေးများ မဆုံးရှုံးရန် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံစဉ်ပြောကြားထားကြောင်း ဦးဝင်းမြင့်က ပြောသည်။

‘‘အားတက်စရာ တစ်ခု ကောင်းတာက တရားစီရင်ရေး ကိစ္စရော၊ လူ့အခွင့်အရေးကိစ္စ ရောပြောတဲ့အခါမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊မီဒီယာတွေ၊ ပြည်သူတွေနဲ့ပါပေါင်းပြီးလုပ် မယ်ဆိုတာကတော့ သတိပြုစ ရာပေါ့။ အဲဒီလိုပေါင်းမယ်ဆိုရင် တကယ့်တကယ်တမ်း သတင်း ပေးနိုင်တာကအမှားအယွင်းတွေ၊အားနည်းချက်တွေကို ထောက်ပြ နိုင်တာက မီဒီယာတွေရယ်၊ အ ရပ်ဘက်လူ့အဖွဲ့အစည်းတွေပဲရှိ ကြတာပေါ့။ သူတို့ရဲ့အသံကို နား ထောင်ပြီးလုပ်မယ်ဆိုရင်တော့ထိုက်သင့်သလောက်အရွေ့ကို ရောက်လိမ့်မယ်လို့ထင်တယ်’’ ဟု မြန်မာ့နိုင်ငံရေးလေ့လာစောင့် ကြည့်သူ ကိုနေထွန်းနိုင်က မှတ် ချက်ပြုသည်။

မူးယစ်ဆေးဝါးပိုနှိမ်နင်းမည

မူးယစ်ဆေးဝါးနှင့် ပတ် သက်၍ ပိုမိုနှိမ်နှင်းနိုင်ရန် အဓိက ထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင် သည့်လက်ကြီးသမားများကို ဦး စားပေးနှိမ်နင်းရန်ဖြစ်ကြောင်းနှင့် ရောင်းဝယ်ဖောက်ကားနေသည် များကို မသိချင်ယောင်ဆောင်ထားသည့်၊ သိလျက်လွှတ်ပေးထားသည့် ဖြစ်စဉ်မျိုးများဖြစ်လာပါက အဓိကတာဝန်ရှိသူများကို ဦးစားပေး အရေးယူရမည်ဖြစ်ကြောင်း လည်း ထည့်သွင်းပြောကြားသည်။

ထို့အပြင် ကွင်းဆက်ပျောက်သွားသည့်၊ ပိုင်ရှင်မဲ့ဖြစ်သွားသည့် မူးယစ်ဆေးဖမ်းဆီးရမိမှုများကို တင်းကျပ်စွာကိုင်တွယ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။

‘‘မူးယစ်ရဲတွေရဲ့လုပ်ပိုင်ခွင့် ကိုမြှင့်တင်ပေးပြီး တစ်ဖက်မှာ လည်း ဆုပေး၊ ဒဏ်ပေးစနစ်ကို ထိ ထိရောက်ရောက်ဖြစ်အောင် ပြင် ဆင်ပေးရမှာဖြစ်ပါတယ်။ အခြေ အနေအရ လိုအပ်ပါက ဗဟိုတွင် လျှပ်တစ်ပြက်ဖမ်းဆီးနိုင်တဲ့ မူး ယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တစ်ဖွဲ့ထားရှိပြီး ဆောင်ရွက်ရပါ မယ်’’ ဟု သမ္မတက ပြောသည်။

ပြည်သူ့ဘဏ္ဍာမလေလွင့်ရန်

ပြည်သူ့ဘဏ္ဍာများ အလေ အလွင့်မရှိရေးစီမံခန့်ခွဲနိုင်ရန် အ တွက် စီမံကိန်း၏ ကုန်ကျစရိတ် ကိုအနီးစပ်ဆုံးတိကျမှန်ကန်စွာ ခန့်မှန်းတွက်ချက်တင်ပြနိုင်ရန်၊ ဒေသ၏ ကာလပေါက်ဈေးနှင့် အ ညီ တွက်ချက်နိုင်ရန် ဆောင်ရွက် ရလိမ့်မည်ဖြစ်ကြောင်း သမ္မတက တိုက်တွန်းသည်။

ဘတ်ဂျက်ပမာဏများစွာ စိုက်ထုတ်သုံးစွဲရမည့် စီမံကိန်း ကြီးများအားထိရောက်စွာ စိစစ် နိုင်သည့် အရည်အချင်းများကို စီမံကိန်းနှင့် တိုးတက်မှုအစီရင်ခံ ရေးနယ်ပယ်တွင် အမြန်ဆုံးမြှင့် တင်ပေးရလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။

‘‘လုပ်ငန်းစီမံကိန်းများမပြီး စီးဘဲ အပြီးပြတဲ့အဆင့်ဆင့်သော တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော် ကချမှတ်ထားတဲ့ တင်ဒါလုပ်ထုံး လုပ်နည်းနဲ့ မညီညွတ်တဲ့ တင်ဒါ ခေါ်ယူမှုတွေ၊ တင်ဒါစည်းမျဉ်းထဲ ကပဲ လက်တစ်လုံးခြားလုပ် ကိုင် ဆောင်ရွက်မှုတွေကို ပြင်းပြင်း ထန်ထန်အရေးယူရပါလိမ့်မယ်’’ ဟု ၎င်းကဆိုသည်။

လယ်သမားများ မြေပိုင်ခွင့်လက် မှတ် တစ်နှစ်အတွင်းရရှိအောင် ကြိုးပမ်းမည်

တောင်သူလယ်သမားများ ၏ လူနေမှုဘဝ တိုးတက်မြင့်မား ရေး ဆောင်ရွက်ရာတွင် တောင် သူလယ်သမားများ၏ မြေပိုင်ဆိုင်ခွင့် လက်မှတ်များကို တစ်နှစ်အတွင်း ရရှိရန် အမြန်ဆုံးကြိုးပမ်းမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကကတိပြုပြောကြားသည်။

စွန့်လွှတ်ပြီးသော သိမ်း ဆည်းခံ လယ်ယာခြံမြေများကို မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန် လည်အပ်နှံရန် ဆောင်ရွက် မည်ဖြစ်ပြီး မစွန့်လွှတ်ရသေး သည့် သိမ်းဆည်းခံလယ်ယာခြံ မြေများနှင့်ပတ်သက်၍ မူလပိုင် ရှင်များထံ ပြန်လည်ပေးအပ်နိုင် ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတကလမ်းညွှန်သည်။

ငြိမ်းချမ်းရေး ကိစ္စမပါသော သမ္မတမိန့်ခွန်း

နိုင်ငံတော်သမ္မတ၏ နှစ် သစ်ကူးနှုတ်ခွန်းဆက်စကား (မိန့် ခွန်း)တွင် နိုင်ငံတော်အခြေပြ မိန့် ခွန်းကဲ့သို့ ကဏ္ဍစုံ အကြောင်းအရာများစွာ ပါဝင်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် အရေးပါသော အကြောင်းအရာနှစ်ခု ကျန်ရှိခဲ့ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။

သို့သော် ပြည်တွင်းငြိမ်းချမ်း ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်အကောင်အထည်ဖော် နေသဖြင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ရာထူးလက်ခံ မိန့်ခွန်းတွင် အစိုးရ၏ ဦးစားပေး ရည်မှန်းချက်ပန်းတိုင် နံပါတ် (၁)ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာကို ပြည့်ပြည့်စုံစုံပြောကြားကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။

7Day




0 comments:

Post a Comment