ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် မိုက်ခရိုဆော့ဖ်ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်ဟာ ငှက်ဖျားရောဂါဒဏ် ခံနေရတဲ့ နိုင်ငံတွေက ဝန်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ အသုံးပြုသွားဖို့ ဧပြီ ၁၈ ရက်နေ့က ကတိပြု ပြောကြားခဲ့ပါတယ်။
အခုအသုံးပြုမယ့် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ငွေကြေးကို ငှက်ဖျားရောဂါကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး သုတေသနနဲ့ တီထွင်စမ်းသပ်မှုတွေ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
မိုက်ကရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်ဟာ အဲဒီကတိစကားကို ဗြိတိန်နိုင်ငံ လန်ဒန်မှာလုပ်မယ့် ငှက်ဖျားရောဂါဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ပြောကြားသွားတာပါ။
လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုနဲ့ ငှက်ဖျားကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
DVB
0 comments:
Post a Comment