Monday, April 9, 2018

သမ္မတထရမ့်၏ သက်တော်ရှည် ရှေ့နေ၏ ရုံးခန်းကို FBI ၀င်ရောက်စီးနင်း


သမ္မတထရမ့်၏ သက်တော်ရှည် ကိုယ်ရေးကိုယ်တာဆိုင်ရာ ရှေ့နေ၏ ရုံးခန်းအား FBI က ၀င်ရောက်စီးနင်းကာ မှတ်တမ်းမှတ်ရာများကို သိမ်းဆည်းလိုက်သည်။

ဒေါ်နယ် ထရမ့်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ ရှေ့နေ မိုက်ကယ် ဒီ ကိုဟင်၏ ရော့ခ်ဖဲလားစင်တာမှ ရုံးခန်းနှင့် ဥယျာဉ်ရိပ်သာမှ ဟိုတယ်ခန်းတို့ကို FBI မှ ၀င်ရောက်စီးနင်း၍ လုပ်ငန်းဆိုင်ရာမှတ်တမ်းများ၊ အပြာရုပ်ရှင်သရုပ်ဆောင်မင်းသမီးအား ငွေပေးချေသည့် စာရွက်စာတန်းတစ်ခုအပါအ၀င် အကြောင်းအရာမျိုးစုံနှင့်ပတ်သက်နေသည့် အီးမေးလ်နှင့် အခြားစာရွက်စာတန်း များကို သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။

သမ္မတ ထရမ့်သည် ယင်းသတင်းကို ကြားသိပြီးနောက် "ဂုဏ်သရေမရှိတဲ့လုပ်ရပ်"ဟုပြောခဲ့သည်။

သို့ရာတွင် FBI အနေဖြင့် မစ္စတာ ကိုဟင်၏ ရုံးခန်းကို ၀င်ရောက်စီးနင်းရာဝယ မည်သို့မည်ပုံဝင်ရောက်သည်ကို ရှင်းလင်းစွာမသိရသေးသော်လည်း FBI အေးဂျင့်များတွင် သက်ဆိုင်ရာ ရှာဖွေခွင့် ၀ရမ်းပါရှိမှသာလျှင် ၀င်ရောက်ရှာဖွေခွင့်ပြုလုပ်နိုင်မည်ဖြစ်သည်။

ref: F.B.I. Raids Office of Trump’s Longtime Lawyer Michael Cohen; Trump Calls It ‘Disgraceful’
Popular News Journal

0 comments:

Post a Comment