Friday, June 1, 2018

ရခိုင်အရေးတွင်ရုရှားနှင့် တရုတ်တို့အပေး၊အယူကြောင့် မြန်မာနိုင်ငံဘက်ကရပ်တည်ပေးနေခြင်းမဟုတ်ဟုဆို


ရခိုင်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် အ နောက်နိုင်ငံကြီးများ၏ ဖိအား ပေးမှုများတွင် တရုတ်နှင့် ရှရှား နိုင်ငံတို့သည် အပေးအယူတစ်ခုခုကြောင့် မြန်မာနိုင်ငံဘက်က ရပ်တည်နေခြင်းမဟုတ်ကြောင်းနိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကပြောသည်။


‘‘အပေး၊ အယူကိစ္စမျိုး မဟုတ်ပါဘူး၊ ကျွန်တော်တို့ နှစ်နိုင်ငံကြားက ချစ်ခင်ရင်းနှီးမှုကို အခြေခံပြီးတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်ပါတယ်’’ဟု ၎င်းကမေလ ၃၁ ရက်တွင်ပြုလုပ်သည့် အစိုးရ ၂ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ထို့အပြင် အထက်ပါနှစ် နိုင်ငံဖြင့်မကဘဲ အိမ်နီးချင်းနိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ အရှေ့ တောင်အာရှ နိုင်ငံများထဲမှမြန်မာ နိုင်ငံအပေါ် နားလည်သည့် နိုင်ငံ အားလုံးနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ဦးမြင့်သူက ပြောသည်။

ရခိုင်အရေးနှင့် ပတ်သက်၍  အမေရိကန်အပါအ၀င် အနောက် နိုင်ငံကြီးများ၏ အထင်မြင်လွဲမှား မှုကြောင့် ဆက်ဆံရေးအေးစက် ပြီး နွေးထွေးမှု အားနည်းခဲ့ ကြောင်း ၎င်းကဆိုသည်။

သို့သော် အမေရိကန်  ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံ အများစုက လက်ရှိအစိုးရဆောင် ရွက်နေသော ဒီမိုကရေစီအသွင်  ကူးပြောင်းရေးကာလနှင့် ငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ထောက် ခံနေပြီး ဆက်လက်ပူးပေါင်းမည် ဆိုသည့် ကတိက၀တ်များ ရထား ကြောင်း ၎င်းကပြောသည်။

7Day

0 comments:

Post a Comment