Friday, June 1, 2018

ပြည်တွင်းမှာသာခွဲစိတ်မှု ပြုလုပ်တော့မယ့် ပိုင်ဖြိုးသု


သရုပ်ဆောင်အကယ် ဒမီပိုင်ဖြိုးသုသည် ၎င်း၏လတ် တလောကျန်းမာရေးအရ ခွဲစိတ်မှု ကို ဗြိတိန်နိုင်ငံတွင်ပြုလုပ်ရန် စီ စဉ်သော်လည်း ဗီဇာ (ပြည်ဝင် ခွင့်) မရသောကြောင့် မြန်မာနိုင်ငံ ၌သာ ခွဲစိတ်မှုပြုလုပ်မည်ဖြစ် ကြောင်း ပိုင်ဖြိုးသုကပြောသည်။


‘‘သုက အရင်ကတည်းက ဒီ မှာပဲခွဲချင်တာ။ ဒါပေမဲ့ အဒေါ်က ဟိုမှာရှိတော့ သူ့တူမခွဲတာကို သူ့ မျက်စိရှေ့မှာဖြစ်စေချင်လို့ သွား ဖို့စီစဉ်ခဲ့တာ’’ ဟု ၎င်းကဆိုသည်။

ပိုင်ဖြိုးသုသည် ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရင်းသားအိမ် တွင် အရည်အိတ်တွေ့သော ကြောင့် ခွဲစိတ်ရန်စီစဉ်ခြင်းဖြစ် ပြီး ဇွန်လ ၃ရက်တွင် Grand Hantha ဆေးရုံ၌ ခွဲစိတ်မည်ဖြစ် သည်။ အဆိုပါခွဲစိတ်မှုသည် အ သေးစားခွဲစိတ်မှုသာ ဖြစ်ပြီး မန္တလေးမြို့မှ ပရော်ဖက်ဆာ ဒေါက်တာ စောကလယ်ခူးက ခွဲ စိတ်ပေးမည်ဖြစ်ကြောင်း ပိုင်ဖြိုး သု၏ မိခင်ဒေါက်တာနွယ်ဦးက ပြောသည်။

‘‘၃ရက်နေ့ မနက်အစော ကြီးခွဲမယ်။ ၄ ရက်နေ့ဆို ဆေး ရုံဆင်းလို့ရပြီ။ ပြီးရင်သုံးရက် လောက်နားလိုက်ရင်ရပြီ’’ ဟု ၎င်းကဆိုသည်။

အဆိုပါခွဲစိတ်မှုကို ယခင်က  ဗြိတိန်နိုင်ငံတွင် သွားရောက်ခွဲ စိတ်ရန်စီစဉ်ခဲ့သောကြောင့် ရိုက် ကူးရန်လက်ခံထားသည့် ဇာတ် ကားနှစ်ကားဖျက်ခဲ့ရပြီး လက် တလောတွင် ကြော်ငြာများသာ ရိုက်ကူးနေကြောင်း ပိုင်ဖြိုးသုက ပြောသည်။

7Day

0 comments:

Post a Comment