Sunday, June 3, 2018

ကုလအထူးအကြံပေးပုဂ္ဂိုလ် ဇွန်လတွင် လာရောက်မည်ဟု မြန်မာအစိုးရအတည်ပြု


ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံ ပေးပုဂ္ဂိုလ် မစ္စစ်ခရစ္စတင်းရှယန် နာဘာဂီနာသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကို ညှိ နှိုင်းနေကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက အတည်ပြုသည်။

ကုလအထွေထွေအတွင်း ရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသို့ လာ ရောက်ရန် မေလတတိယပတ် တွင် အဆိုပြုပြီး ၎င်း၏ပထမဆုံး မြန်မာပြည်ခရီးစဉ်ဖြစ်သည်။

‘‘သေချာတာကတော့ နေ ပြည်တော်မှာ သူကျွန်တော်တို့နဲ့ တွေ့ဖို့ရှိပါတယ်။ ခရီးစဉ်ကတော့ သူသွားချင်တဲ့နေရာနဲ့ ကျွန်တော် တို့စီစဉ်ပေးနိုင်တာ ညှိနှိုင်းဆဲ ဖြစ် ပါတယ်’’ ဟု ဦးမြင့်သူက ရှင်းပြ သည်။

ကုလအထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာဂူတာရက်စ် သည် မေလကုန်ပိုင်းတွင် မစ္စစ် ခရစ္စတင်းရှယန်နာဘာဂီနာနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်မြောက် ပိုင်းမှ နေရပ်စွန့်ခွာသူများအရေး ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂ သတင်း ရင်းမြစ်များအား ကိုး ကား၍ AFP သတင်းဌာနက ဖော်ပြသည်။

ဆွစ်ဇာလန်နိုင်ငံ ဝါရင့်သံအမတ်ကြီးဟောင်း  မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာကို မြန်မာနိုင်ငံဆိုင်ရာ  အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် ကုလအထွေထွေအတွင်းရေးမှူးချုပ်က ဧပြီ ၂၆ ရက်တွင် ခန့်အပ်ခဲ့သည်။

၎င်းသည် လက်ရှိမြန်မာ နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအ မတ်ကြီး၏ ဇနီးဖြစ်ပြီး သံတမန် ရေးရာ ကျွမ်းကျင်သူဖြစ်သဖြင့် ကုလအထွေထွေအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အ ထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့် အပ်ခြင်းကို မြန်မာအစိုးရက သ ဘောတူခဲ့သည်။

အသက် (၅၅) နှစ်အရွယ် ဥပဒေကျွမ်းကျင်သူ မစ္စစ်ရှယန် နာသည် ၂၀၀၉ မှ ၂၀၁၅ အထိ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံ အမတ်ကြီးအဖြစ် တာဝန်ထမ်း  ဆောင်ခဲ့သည်။ ၎င်းသည် သံတ မန်အတွေ့အကြုံ (၂၅) နှစ်ကျော် ရှိထားပြီး ဆွစ်ဇာလန်နိုင်ငံ နိုင်ငံ ခြားရေးဌာနတွင် အစိုးရ၏ အ ဆင့်မြင့်တာဝန်များ ထမ်းဆောင်ခဲ့သည်။ ယခင်ကုလအထွေထွေအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းလက် ထက်တွင် မြန်မာနိုင်ငံဆိုင်ရာ အ ထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် အိန္ဒိယသံတမန် ဗီဂျေနမ်ဘီးယားက ၂၀၁၆ အထိ တာဝန်ထမ်းဆောင် ခဲ့ပြီး ယင်းတာဝန်များကို မစ္စစ်ရှ ယန်နာက ဆက်ခံမည်ဖြစ်သည်။

7Day

0 comments:

Post a Comment