Tuesday, June 5, 2018

မြဂနိုင် ရုပ်ရှင်နှင့် အာနန္ဒာစန္ဒြကျောက်စာ ဒေသအဆင့် ယူနက်စ်ကို အမွေအနှစ်စာရင်းဝင်


မြန်မာရှေးဟောင်း ဂန္တ၀င်ရုပ်ရှင် မြဂနိုင်ဇာတ်ကားနဲ့ မြောက်ဦးမြို့ရှိ အာနန္ဒစန္ဒြကျောက်စာတို့ကို အာရှပစိဖိတ်ဒေသအဆင့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက သတ်မှတ်လိုက်ပါတယ်။
တောင်ကိုရီယားနိုင်ငံ၊ ဂွမ်ဂျူမြို့မှာ ကျင်းပတဲ့ မှတ်တမ်း အမွေအနှစ်ဆိုင်ရာ အာရှ-ပစိဖိတ်ကော်မတီ အစည်းအဝေးကနေ သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်တဲ့ မြန်မာနိုင်ငံမှ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဦးကြည်ရွှင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။
 
”တကယ်တမ်း စပြီး တင်ပြရမယ့်အချိန်မှာ ကိုယ့်ပြိုင်ဘက်နိုင်ငံတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် မရတော့ပါဘူးဆိုပြီး စိတ်အားပျက်ရပြန်ပါတယ်။ တဖက်နိုင်ငံတွေရဲ့ တင်ပြမှုတွေဟာ အလွန်ပရော်ဖက်ရှင်နယ် ဆန်ပါတယ်။ စာအုပ်တွေ ပုံနှိပ်ပြီး ဝေကြပါတယ်။ မှတ်တမ်းပုံစံတူတွေ သယ်လာပြီး ပိတ်ကားလိပ်တွေနဲ့ ပြကြပါတယ်၊ ဒါပေမယ့်လည်း မဲပေး ရွေးချယ်ကြတဲ့ ကော်မတီလူကြီးတွေရဲ့ ပညာအတိမ်အနက်နဲ့ သမာဓိအင်အားများကြောင့် စာရွက်ပင်မဝေနိုင်တဲ့ မြန်မာမှတ်တမ်းအမွေအနှစ် နှစ်ခုစလုံးဟာ ယူနက်စကို စာရင်းဝင်(ဒေသအဆင့်)ဖြစ်ခဲ့ရပြီး လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ရနိုင်တော့မှာ ဖြစ်ပါတယ်”လို့ ဦးကြည်ရွှင်က ပြောပါတယ်။

မြဂနိုင် မြန်မာရုပ်ရှင်ဇာတ်ကားကို ၁၉၃၄ ခုနှစ်က ဒါရိုက်တာ ဦးတင်မောင် ရိုက်ကူးခဲ့ပြီး သရုပ်ဆောင် မင်းသား ချစ်ရွှေ၊ မင်းသမီး မြင့်မြင့်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

မြန်မာနိုင်ရဲ့ ရှေးအကျဆုံး ရုပ်ရှင်ဇာတ်ကားတကားဖြစ်ဖွယ်ရှိတဲ့ မြဂနိုင်ရုပ်ရှင်ရဲ့ ဖလင်ကို အီတလီနိုင်ငံမှာ ထိမ်းသိမ်းစောင့်ရှောက်ထားဖြစ်လို့ မပျက်မစီး မပျောက်မပျက် ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ဦးကြည်ရွှင်
DVB

0 comments:

Post a Comment