Friday, June 1, 2018

ပြည်နယ်အလိုက် နေ့ထူးနေ့မြတ်များကို တရားဝင်ရုံးပိတ်ရက်သတ်မှတ်ပေးရန်တောင်းဆို


သက်ဆိုင်ရာ ပြည်နယ်အလိုက် နေ့ထူးနေ့မြတ်တွေကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ အစိုးရအဖွဲ့ကို တင်ပြပြီး ဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးကို မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မြေပုံမြို့နယ် အမတ်ဦးဖေသန်း မေးမြန်းတဲ့ ပြည်နယ်နေ့၊ ပြည်နယ်တခုအတွင်းရှိ လူမျိုးကို အခြေခံတဲ့ အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့ စတဲ့ အထင်ကရ နေ့ထူးနေ့မြတ်နေ့ရက်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့သက်ဆိုင်တဲ့ အထင်ကရ နေ့ထူးနေ့မြတ် နေ့ရက်တွေကို သက်ဆိုင်ရာဒေသမှာ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာပါ။

လာရောက်ဖြေဆိုခဲ့တဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးကတော့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်လို့ ပြည်ထောင်စုအစိုးရက သက်မှတ်ပေးဖို့ မရှိဘူးလို့ ပြန်လည်ဖြေကြားသွားပါတယ်။

ဒါကြောင့်  တိုင်းရင်းသား တန်တူအခွင့်အရေး ရရှိဖို့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သက်ဆိုင်ရာပြည်နယ်ဒေသတွေမှာ သက်ဆိုင်ရာ နေ့ထူးနေ့မြတ်တွေကို  တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment