Friday, June 1, 2018

စတင်အသုံးပြုပြေးဆွဲသောနေ့တွင် အခက်အခဲအချို့ကြုံတွေ့သော အ၀ါရောင် Yangon School Bus


၂၀၁၈-၁၉ ပညာသင်နှစ် အခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကမာရွတ် အခြေခံပညာလေ့ကျင့်ရေးကျောင်း (TTC) နှင့် ရန်ကင်းအခြေခံပညာလေ့ကျင့်ရေးကျောင်း (TTC) များတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀ယ်ယူထားသည့် အ၀ါရောင် Yangon School Bus များ စတင်အသုံးပြုပြေးဆွဲလျှက်ရှိသည်။

ပဏာမအနေနှင့် အဆိုပါ ၂ ကျောင်း၌ Yangon School Bus များ စမ်းသတ်ပြေးဆွဲသော်လည်း ကျောင်းပထမဆုံးနေ့တွင် ကမာရွတ်အခြေခံပညာလေ့ကျင့်ရေးကျောင်းအတွင်း ကျောင်းသားများမှ ၎င်းတို့ စီးနင်းရမည့်ကားများအား မသိရှိခြင်း၊ အချို့ကားများတွင် လိုက်ပါစီးနင်းမည့်ကျောင်းသားနည်းပါးလွန်းခြင်းကြောင့် ခရီးစဉ်ဖျက်သိမ်းရခြင်းများ ရှိခဲ့ကာ အဆင်မပြေမှုအချို့ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

















ဓာတ်ပုံ-ထက်ဝေ/ဧရာဝတီ



0 comments:

Post a Comment