အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သမီးအကြီး တန်းအကြံပေးအရာရှိ အိုင်ဗန် ကာထရန့်သည် အစိုးရဆိုင်ရာ ကိစ္စများတွင် ကိုယ်ပိုင်အီးမေးလ် အကောင့်ကို အသုံးပြုခဲ့ပြီး ယင်းမှာ ဖက်ဒရယ်စည်းမျဉ်း ချိုးဖောက်ရာရောက်ကြောင်း တနင်္လာနေ့ တွင် The Washington Post သတင်းဌာနက ဖော်ပြသည်။
အစိုးရဆိုင်ရာ ကိစ္စရပ်များတွင် အိမ်ဖြူတော်အရာရှိများအ နေဖြင့် ကိုယ်ပိုင်အီးမေးလ်အသုံး ပြုခွင့်မရှိပေ။
အသက် (၃၇)နှစ်အရွယ် အိုင်ဗန်ကာထရန့်သည် အစိုးရ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆက်သွယ်ရာတွင် ကိုယ်ပိုင်အီး မေးလ်အကောင့် သုံးစွဲခဲ့ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ သမီးအိုင်ဗန်ကာသည် ဖက်ဒရယ်စည်းမျဉ်းများကို အ သေးစိတ်မသိကြောင်း ဒေါ်နယ် ထရန့်က ပြောကြားခဲ့သည်ဟုသတင်းဌာနက ဖော်ပြသည်။
အိုင်ဗန်ကာထရန့်၏ ရှေ့နေ တစ်ဦးကလည်း အိုင်ဗန်ကာသည် အဆိုပါ စည်းမျဉ်းများကို မသိ၍ အစိုးရဆိုင်ရာ ကိစ္စများတွင် ကိုယ်ပိုင်အီးမေးလ်အကောင့် အသုံးပြု ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ သည်။
သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၁၆ အမေရိကန်သမ္မတ ရွေး ကောက်ပွဲတွင် အဓိကပြိုင်ဘက် ဟီလာရီကလင်တန်ကို ၎င်းနိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်း ဆောင်စဉ် အစိုးရရေးရာကိစ္စများ၌ ကိုယ်ပိုင်အီးမေးလ်အသုံးပြု ခဲ့၍ အကြိမ်ကြိမ်ဝေဖန်ပြောကြား ခဲ့သည်။
၂၀၁၆ ရွေးကောက်ပွဲမတိုင် မီ ဒေါ်နယ်ထရန့်က ဟီလာရီ၏ အဆိုပါလုပ်ရပ်သည် ဥပဒေနှင့် မညီဘဲ အမေရိကန်နိုင်ငံ လုံခြုံ ရေးစိုးရိမ်စရာဖြစ်ကြောင်း အပြစ် တင်ပြောကြားခဲ့သည်။
Ref: AFP/na
7Day






0 comments:
Post a Comment