Tuesday, November 20, 2018

ဒေါ်အောင်ဆန်းစုကြည် ဒီချုပ်နာယက ဦးတင်ဦးကို သွားရောက်ဂါရဝပြု

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦး၏ နေအိမ်သို့ သွား ရောက်တွေ့ဆုံဂါရဝပြုကန်တော့ခဲ့သည်။ 
နိုဝင်ဘာ ၂၀ ရက်တွင် ရန် ကုန်မြို့သို့ နေ့ချင်းပြန်လာရောက် သော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဦးတင်ဦးနှင့်ဇနီးတို့ ကို သွားရောက်ကန်တော့ပြီး ၄၅ မိနစ်ခန့်ကြာ စကားပြောခဲ့ ကြောင်း ၎င်းအား အနီးကပ် ပြုစုနေသူ ဦးမြင့်ဦးက ပြောသည်။ ‘‘အရင်တစ်ခေါက် ရန်ကုန် လာတုန်းက မဝင်နိုင်လို့ အခု လာတာလို့ ပြောတယ်။ အဘ (ဦးတင်ဦး)က စကားသိပ်မပီသေး တော့ ပီသစေချင်တယ်ပေါ့။ ကျန်းကျန်းမာမာတွေ့ရလို့လည်းဝမ်းသာတယ်၊ ရုံးကို သွားပေးတဲ့ အတွက် ဝမ်းသာကြောင်းနဲ့ ကျေး ဇူးတင်ကြောင်း ပြောတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။ 

အသက်(၉၁)နှစ်အရွယ် ဦးတင်ဦးသည် ၂၀၁၇ မေလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သုံးလခန့်ကြာ ဆေးကုသမှုခံယူပြီး နောက် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင် ဆေးစစ်မှုနှင့် ကုသမှုခံယူရန် နိုဝင်ဘာ ၄ ရက်အထိ ထပ်မံဆေးရုံတက်ခဲ့သည်။

7Day


0 comments:

Post a Comment