Thursday, November 1, 2018

အမြန်လမ်းတွင် လှည့်ကင်းယာဉ်ကို ၆ ဘီးယာဉ်ဝင်တိုက် ရဲ(၁)ဦးသေ၊ ၁ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ လှည့်ကင်းယာဉ်ကို ၆ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ဝင်တိုက်မိသဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှုးရုံးက သတင်းထုတ်ပြန် သည်။ 
နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၁၄၆/၆ နှင့် ၁၄၆/၇ ကြား လမ်းအကျယ်(၄) lane ရှိ လမ်းကျယ် guardrails ဘေးတွင် အောက်တိုဘာ၃၁ရက် ည ၁၁နာရီခွဲခန့်က အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဇီးပင်သာစခန်းမှ ဒုတပ်ကြပ် အောင်ထက်ဟိန်း နှင့် တပ်သား ဇော်မင်းဦးတို့ (၂)ဦးသည် လှည့်ကင်းယာဉ်ဖြင့် ရပ်နား၍ ရပ်ကင်း ဆောင်ရွက်နေစဉ် နေပြည်တော် ဘက်မှ ယာဉ်မောင်း အောင်လင်းထွန်း မောင်းနှင်လာသော 6G/×××× (၆)ဘီးယာဉ်သည် ဘရိတ်ပေါက်ပြီး ရဲတပ်ဖွဲ့ယာဉ်အား အနောက်မှ ဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဖြစ်စဉ်ကြောင့် လှည့်ကင်းယာဉ် ထိခိုက်ပျက်စီးခဲ့ပြီး ရပ်ကင်းဆောင်ရွက်နေသော တပ်သားဇော်မင်းဦးမှာ စိုးရိမ်ဒဏ်ရာ ဒုတပ်ကြပ်အောင်ထက်ဟိန်းမှာ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံပို့ဆောင်စဉ် တပ်သားဇော်မင်းဦး သည် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ မှုးရုံးက သတင်းထုတ်ပြန် သည်။ 

The Ladies News 


0 comments:

Post a Comment